ဒုတိယဝန်ကြီး ‌ဒေါက်တာ အောင်ဇေယျ KMTTTI တွင် အဖြေလွှာ စစ်ဆေးနေမှုများကို ကြည့်ရှုအားပေး


Ministry of Science and Technology/ Nay Pyi Taw / May 05, 2025


နေပြည်တော် မေ ၄

နိုင်ငံ့ရှေ့လုပ်ငန်းစဥ်များနှင့် ဦးတည်ချက်များကို အောင်မြင်အောင် ဆောင်ရွက်ရာ၌ တစ်တပ်တစ်အား ဖြစ်စေမည့် အင်ဂျင်နီယာများ၊ နည်းပညာရှင်များကို သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနသည် နိုင်ငံတကာ စံနှုန်းများနှင့် အညီ မွေးထုတ်နိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ အင်ဂျင်နီယာပညာရေးဆိုင်ရာ အရည်အသွေးအသိအမှတ်ပြုမှု (Accreditation) ကို ဘွဲ့ကြို၊ဘွဲ့လွန် သင်တန်းအဆင့်အလိုက် ရရှိအောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ဧပြီ ၃၀ ရက် နေ့လယ်၌ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ ကိုရီးယား-မြန်မာ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဆိုင်ရာ ဆရာအတတ်သင်သိပ္ပံ Korea-Myanmar TVET Teacher Training Institute (KMTTTI) သို့ ရောက်ရှိခဲ့ပြီး ဗဟိုဦးစီးစနစ်ဖြင့် အဖြေလွှာများ စစ်ဆေးဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။

ဦးစွာ ဒုတိယဝန်ကြီးသည် စာစစ်မှူးချုပ်၊ ကျောင်းအုပ်ကြီးများ၊ စာစစ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ညွှန်ကြားချက်များအတိုင်း စနစ်တကျ အမှားအယွင်းမရှိအောင် စစ်ဆေးဆောင်ရွက်သွားရန်၊ စစ်ဆေးပြီး အဖြေလွှာ များကို စနစ်တကျ ပြန်လည်သိမ်းဆည်းရန်၊ အချက်အလက်များ လုံခြုံရေး အထူးဂရုပြုရန်နှင့် လိုအပ်သည်များ မှာကြားကာ ကျောင်းအလိုက် အခက်အခဲလိုအပ်ချက် တင်ပြသည်များကို ဖြေရှင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် စာစစ်ခန်းများ အသီးသီးတွင် ဆရာ၊ဆရာမများက အဖြေလွှာများကို သတ်မှတ်ချက်များနှင့် အညီ စစ်ဆေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ မှာကြားသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနရှိ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ကျောင်းများတွင်ပါ ရလဒ်အခြေပြု ပညာရေးစနစ် (Outcome-based Education System)ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီး နည်းပညာရှင်များကို စံအရည်အသွေးပြည့်မီစွာ တစ်ပြေးညီ မွေးထုတ်ပေးနိုင်ရေး၊အလုပ်အကိုင်အခွင့်အလမ်းကောင်း များ ဖော်ဆောင်ကာ ဘဝရပ်တည်မှုခိုင်မာစေရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (GTI) များ၌ Dublin Accord နှင့် အညီ A.G.T.I သင်တန်းများကို လည်းကောင်း၊ အစိုးရနည်းပညာကောလိပ် (GTC) များ၌ Sydney Accord နှင့်အညီ B.Tech. သင်တန်းများကိုလည်းကောင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး Bloom's Taxonomy မူဘောင်အဆင့်များ အတိုင်း မေးခွန်းများကို ပြုစုကာ တစ်ဆင့်မြင့် ပေါင်းကူးတက်ရောက်နိုင်သည့် သင်တန်းနှစ်များအတွက် တစ်ပြေးညီ မေးခွန်းများကို ကျောင်းများအားလုံး ဖြေဆိုရကာ အဖြေလွှာများကို ဗဟိုဦးစီးစနစ်ဖြင့် စစ်ဆေးဆောင်ရွက်ကြောင်း သိရသည်။ ​​​​​​​

Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ May 08, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ May 07, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

Ministry of Foreign Affairs / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023