ဒုတိယဝန်ကြီး ‌ဒေါက်တာဇော်မြင့် (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံ၊ သိပ္ပံပွဲ‌တော်ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် တက္ကသိုလ်သန့်ရှင်းသာယာရေး ကြည့်ရှုစစ်ဆေး


Ministry of Education/ yangon / January 29, 2026


ရန်ကုန် ၂၀၂၆ ဇန်နဝါရီ ၂၉

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်မောင်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ထွန်းနိုင်၊ တာဝန်ရှိသူများနှင့်အတူ ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ရန်ကုန် တက္ကသိုလ်သုတေသနနှင့် တီထွင်ဆန်းသစ်မှုစင်တာ (Center for Research and Innovation) တွင် မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့၏ (၂၅)ကြိမ်မြောက် ငွေရတုသုတေသနညီလာခံနှင့် သိပ္ပံပွဲ‌တော် (၂၀၂၆) ကျင်းပရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေ၊ သိပ္ပံပွဲ‌တော်တွင် ပြခန်းများ ခင်းကျင်းပြသရန် စီစဉ်‌ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးကာ လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ) သို့ရောက်ရှိရာ လှိုင်နယ်မြေပတ်လမ်းတစ်လျှောက် သန့်ရှင်းသာယာရေးဆောင်ရွက်ထားရှိမှုအခြေအနေ၊ ဆရာမ အဆောင်များ၊ ကျောင်းသား ကျောင်းသူအဆောင်များ အလင်းဖွင့်ရေး၊ ခပေါင်းဆောင်နှင့် ပုပ္ပားဆောင်ရှေ့တွင် ယာယီဖူဆယ်ဘောလုံးကွင်းနှင့် ဘော်လီဘောကွင်း တည်ဆောက်ပေးထားမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လှိုင်တက္ကသိုလ်နယ်မြေ အဆင့်မြှင့်တင်ရေးအတွက် လိုအပ်သည်များ ပေါင်းစပ် ဖြည့်ဆည်းပေးသည်။

ထို့နောက် လှိုင်တက္ကသိုလ်နယ်မြေတွင် ပထမနှစ် သင်တန်းအသီးသီး၌ တက်ရောက် ပညာသင်ကြားလျက်ရှိသော ပထမနှစ်ကျောင်းသား ကျောင်းသူများကို Theatre စာသင်ခန်းများတွင် တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။

ယင်းနောက် ရန်ကုန်ပညာ‌ရေးတက္ကသိုလ်သို့ ရောက်ရှိကာ ပါမောက္ခချုပ်၊ ပါမောက္ခများ၊ ရန်ကုန်မြို့ရှိ ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ ပညာရေးဒီဂရီ ကောလိပ် အချို့အားဆရာအတတ်ပညာတက္ကသိုလ်အဆင့်မြှင့်တင်ရာတွင် လိုအပ်သော သင်ရိုး ညွှန်းတမ်းများ ရေးဆွဲပြုစုရေးအတွက် ပဏာမဆွေးနွေးပေါင်းစပ်ညှိနှိုင်းပေးသည်။

ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် အစည်းအဝေးခန်းမ တွင် ရန်ကုန်တက္ကသိုလ် ‌ပါမောက္ခချုပ်၊ တာဝန်ရှိသူများနှင့်အတူ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင် အဖွဲ့ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဆပ်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ (၂၅) ကြိမ်မြောက် ငွေရတုသုတေသနညီလာခံ စာတမ်းဖတ်ပွဲနှင့် သိပ္ပံပွဲတော်ကျင်းပရေး၊ စျေးရောင်းပွဲတော်ကျင်းပ ရေးအတွက် ဆပ်ကော်မတီများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးသည်။

ဆက်လက်၍ ရန်ကုန်တက္ကသိုလ်အပြင်ဘက် ပြည်လမ်းမကြီးတစ်လျှောက်နှင့် အင်းယားလမ်း တစ်လျှောက်လှည့်လည်၍ ရန်ကုန်တက္ကသိုလ်ဝင်းကို နိုင်ငံတကာအဆင့်မီတက္ကသိုလ်ပရဝဏ်အဖြစ် တင့်တယ်စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်နိုင်ရေး ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ရောက်ရှိကာ တက္ကသိုလ်ပင်မဆောင်၊ စာကြည့်တိုက်၊ ရေကန်၊ ဘောလုံးကွင်းတို့ကို ရေရှည်ထိန်းသိမ်းစောင့်ရှောက်ရေး ညှိနှိုင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၉ ရက် ၊ ဖေဖော်ဝါရီ ၁၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ February 10, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၈ ရက် ၊ ဖေဖော်ဝါရီ ၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 09, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

Ministry of Transport and Communications / Posted on February 11, 2026

တင်ဒါအောင်မြင်သူစာရင်း ထုတ်ပြန်ကြေညာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on February 11, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on February 09, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023