ဓနုဖြူမြို့နယ်၌ ကွန်ကရစ်တံတားတည်ဆောက်
ဓနုဖြူမြို့နယ်၌ ကွန်ကရစ်တံတားတည်ဆောက်
Ministry of Cooperatives and Rural Development/ Naypyitaw / February 18, 2026
ဓနုဖြူ ဖေဖော်ဝါရီ ၁၇
ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ဆင်လမ်းလေးတံတား ပေ ၄၀ တည်ဆောက်နေမှုအခြေအနေအား ဖေဖော်ဝါရီလ ၁၆ ရက်တွင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့စစ်ဆေးရာတွင် အင်ဂျင်နီယာချုပ်(မြို့ပြ) ဦးကျော်ကျော်ထွေးက ခရိုင်/မြို့နယ်တာဝန်ခံများနှင့်အတူ ဆင်လမ်းလေးတံတား ပေ ၄၀ ကွန်ကရစ်တံတား တည်ဆောက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆင်လမ်းလေးတံတား တည်ဆောက်ပြီးစီးပါက ဓနုဖြူမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာ၊ အိမ်ခြေ ၂၁၈ အိမ်၊ လူဦးရေ ၁၁၇၆ ဦး တို့ကို အကျိုးပြုမည့်အပြင် နယ်နိမိတ်ချင်းထိစပ်နေသည့် ပန်းတနော်မြို့နယ်ရှိ ကျေးရွာများ၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးကိစ္စရပ်များကိုပါ ကျေးလက်လမ်းကွန်ရက်များ အသုံးပြု၍ ချိတ်ဆက်သွားလာနိုင်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှသိရသည်။
ဇင်မာ
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၃ ရက် ၊ ဖေဖော်ဝါရီ ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ February 18, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၂ ရက် ၊ ဖေဖော်ဝါရီ ၁၇ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ February 17, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁ ရက် ၊ ဖေဖော်ဝါရီ ၁၆ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ February 16, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
DownloadAnnouncement
ဗိုလ်လောင်းလျှောက်လွှာများ ထုတ်ယူ/တင်သွင်းခြင်းအား ထပ်မံရက်တိုးမြှင့်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးခြင်း
Ministry of Defense / Posted on February 18, 2026
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းခေါ်ယူခြင်း
Ministry of Defense / Posted on January 15, 2026
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Ministry of Information / Posted on February 11, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
