ဓာတ်သတ္တုဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း
ဓာတ်သတ္တုဆိုင်ရာ လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်း
Ministry of Information/ Naypyitaw / April 26, 2026
နေပြည်တော် ဧပြီ ၂၅
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် ဒေါက်တာသောင်းနိုင်ဦး၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က မြန်မာနိုင်ငံ၏ ဓာတ်သတ္တုသယံဇာတဖြစ်ထွန်းမှုများနှင့် ဓာတ်သတ္တုများရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်းတို့ဆောင်ရွက်နေသည့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၏ ဓာတ်သတ္တုဆိုင်ရာလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည့် အစည်းအဝေးသို့တက်ရောက်ကြသည်။
ဦးစွာ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကဌာန၏ လုပ်ငန်းဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံဘူမိဗေဒနှင့် ဘူမိသိပ္ပံဆိုင်ရာ နည်းပညာရပ်များ၊ ဓာတ်သတ္တုသယံဇာတဖြစ်ထွန်းမှုများနှင့်အရေးပါသော တွင်းထွက်များရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်းနှင့် ဖြစ်မြောက်နိုင်စွမ်းလေ့လာခြင်း စသည့်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ဓာတ်သတ္တုကဏ္ဍသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှပါဝင်နေ၍ ဌာနအလိုက် ပညာရှင်များအနေဖြင့် ဓာတ်သတ္တုသယံဇာတများကို တိုးချဲ့ရှာဖွေပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြရန်၊ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်သည့် သုတေသနစွမ်းဆောင်ရည်မြှင့်တင် ခြင်းလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန်၊ အရေးပါသောတွင်းထွက်ဓာတ်သတ္တုများ ရှာဖွေစမ်းသပ်တိုင်းတာခြင်းများကို ဦးစားပေးဆောင်ရွက်သွားရန်၊ ခေတ်မီအတတ်ပညာနှင့် နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာကြရန်နှင့် တရားမဝင်ဓာတ်သတ္တု တူးဖော်မှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်သွားရန်မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ဓာတ်သတ္တုဖြစ်ထွန်းမှု တည်နေရာပြမြေပုံများ၊ ဘူမိဗေဒမြေပုံများနှင့် ကျောက်နမူနာ၊ ဓာတ်သတ္တုနမူနာများကို လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 26, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 25, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 24, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်
Ministry of Information / Posted on April 24, 2026
ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ...
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
Ministry of Information / Posted on April 23, 2026
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
Ministry of Information / Posted on April 23, 2026
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆
