နိုင်ငံတော်ကာကွယ်စောင့်ရှောက် အစဉ်အလာရှိသည့်တပ်မတော်


Ministry of Information/ Naypyitaw / March 14, 2026
image_latest


တပ်မတော်သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါ်ပေါက်လာသည့် မျိုးချစ်တပ်မတော်ဖြစ်သည်။ မြန်မာ့သမိုင်းကြောင်းတွင် အစဉ်အလာကောင်းများနှင့်အတူ ခိုင်မာစွာရပ်တည်နေသော ပြည်သူ့တပ်မတော်ဖြစ်သည်။ တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် ဖွဲ့စည်းထားသော အမျိုးသားတပ်မတော်ဖြစ်သည်။ ပြည်တွင်း၊ ပြည်ပရန်စွယ်အန္တရာယ်များကို အစဉ်ထာဝရတိုက်ဖျက်ချေမှုန်းခဲ့သော ရဲဝံ့စွန့်စားသည့်တပ်မတော်ဖြစ်သည်။ နိုင်ငံတကာတပ်မတော်များနှင့်တန်းတူ စွမ်းရည်မြှင့်တင်နေသော တပ်မတော်ဖြစ်သည်။

မြန်မာနိုင်ငံသမိုင်းကြောင်းတစ်လျှောက်၌ တိုင်းပြည်နှင့်လူမျိုးအပေါ် အန္တရာယ်အသွယ်သွယ်ကျရောက်လာချိန်တိုင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာကို ခြိမ်းခြောက် ထိပါးခံရသည့်အချိန်တိုင်းတွင် တပ်မတော်သည် ပြည်သူ့ရှေ့မှ မားမားမတ်မတ်ရပ်တည်ပြီး ကာကွယ်စောင့်ရှောက်လျက်ရှိသော တပ်မတော်ဖြစ်သည်။ မြန်မာနိုင်ငံ၏ နိုင်ငံရေးလိုအပ်ချက်များအရ အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်ပြီး နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်တည်ဆောက်ရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူမှုစီးပွားဘဝများ လုံခြုံစိတ်ချမြင့်မားတိုးတက်လာရေးအတွက် ပါဝင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

အမိမြန်မာနိုင်ငံတော်၏ မြေပြင်၊ ဝေဟင်၊ ရေပြင်ပိုင်နက်များနှင့် အမျိုးသားအကျိုးစီးပွားများကို ထိရောက်အောင်မြင်စွာ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့များကို အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ပြည့်ဝထက်မြက်နေအောင် အစဉ်တည်ဆောက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။ တပ်မတော်အင်အားတောင့်တင်းခိုင်မာပြီး စွမ်းရည်ပြည့်ဝနေမှသာ အမိပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးဂုဏ်၊ ဇာတိ ဂုဏ်တို့ကို ထိန်းသိမ်းမြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး ကမ္ဘာ့အလယ်တွင် ထည်ထည်ဝါဝါ ရပ်တည်နိုင်လျက်ရှိသည်ကို ခေတ်အဆက်ဆက်ဖြတ်သန်းခဲ့သော အထောက်အထားများဖြင့် သက်သေပြလျက်ရှိသည်။

မျက်မှောက်ကာလတွင် ဖြစ်ပေါ်လျက်ရှိသည့် ခေတ်သစ်စစ်ပွဲများနှင့် ကမ္ဘာ့အရေးများကို လေ့လာကြည့်မည်ဆိုလျှင် နည်းပညာစွမ်းအားသာလွန်သူများက အသာစီးရနေသည်ကို တွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် လေကြောင်းနှင့် အာကာသစွမ်းအားများသည် အမျိုးသားအကျိုးစီးပွားများကိုဖော်ဆောင်ရေးနှင့် စစ်ပွဲအောင်နိုင်ရေးအတွက် များစွာအဓိကကျသည်ကို တွေ့မြင်နိုင်သည်။ ထို့ကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးသည်နိုင်ငံကြီးသည်၊ ငယ်သည်ဖြစ်စေ မိမိနိုင်ငံ၏ လေကြောင်းစွမ်းအားကို တတ်နိုင်သမျှအမြင့်မားဆုံးဖြစ်အောင် အစဉ်ကြိုးပမ်းတည်ဆောက်နေကြသည်။

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မတ် ၁၂ ရက်ကပြုလုပ်သည့် တပ်မတော်(လေ) လေယာဉ်များ တပ်တော်ဝင်အခမ်းအနားသို့ တက်ရောက်ပြီး “လေတပ်အင်အားတောင့်တင်းခိုင်မာနေမှသာ လေကြောင်းစိုးမိုးအရေးသာမှု ရယူထိန်းသိမ်းနိုင်ပြီး နိုင်ငံ၏အကျိုးစီးပွားကို ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက် နိုင်မည်ဖြစ်ကြောင်း၊ လေကြောင်းစွမ်းအားဆိုသည်မှာ လေယာဉ်၊ ရဟတ်ယာဉ်များ ရှိနေရုံဖြင့် မလုံလောက်သေးဘဲ အထောက်အကူပြုမည့်စနစ်အမျိုးမျိုး၊ ပြုပြင်ထိန်းသိမ်းရေးနှင့် ထောက်ပံ့ဖြည့်တင်းရေးအတွက် စနစ်အမျိုးမျိုး၊ လေ့ကျင့်ရေးစနစ်အမျိုးမျိုး ပြည့်စုံစွာရရှိပိုင်ဆိုင်ထားရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် လေကြောင်းစွမ်းအား ဟန်ချက်ညီ ဘက်စုံတိုးတက်ကောင်းမွန်စေရေး ၂၀၁၁ ခုနှစ်မှစပြီး အဓိကကျသည့် အရင်းအမြစ်အမျိုးမျိုးကို တွက်ချက်သုံးသပ် ဖြည့်တင်းပေးလျက်ရှိကြောင်း”ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၏သမိုင်းကြောင်းတွင် တပ်မတော်(လေ)သည် ပြည်တွင်းသောင်းကျန်း မှုနှိမ်နင်းရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစစ်ဆင်ရေးများ၊ ပြည်ပကျူးကျော်မှု တွန်းလှန်ချေမှုန်းရေးစစ်ဆင်မှုများတွင် စွမ်းစွမ်းတမံအထောက်အကူပြုတိုက်ပွဲဝင်နိုင်ခဲ့သည်။ ထို့အပြင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ၊ သဘာဝဘေးရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ စသည့် တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် နည်းလမ်းအမျိုးမျိုးဖြင့် ပါဝင်အထောက်အကူပြုလျက်ရှိသည်။ တပ်မတော်(လေ)တွင် တာဝန်ထမ်းဆောင်နေသည့် အရာရှိ၊ စစ်သည်နှင့် အမှုထမ်းတိုင်းသည် နိုင်ငံအကျိုးကိုလိုလားပြီး တိုင်းချစ်ပြည်ချစ်စိတ်ရှိသည့် လူသားအရင်းအမြစ်များဖြစ်သည်နှင့်အညီ ပေးအပ်သည့်တာဝန်များကို ရဲရဲဝံ့ဝံ့ကျေကျေပွန်ပွန် ထမ်းဆောင်လိုစိတ်ပြင်းပြသူများဖြစ်သည်။

သို့ဖြစ်ရာ တပ်မတော်(လေ)၏ အစဉ်အလာကောင်းများကို ရေရှည်ထိန်းသိမ်းမြှင့်တင်ပြီး ခေတ်မီလေတပ်မတော်ဖြစ်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပိုင်ဆိုင်ထားသည့် လေယာဉ်၊ ရဟတ်ယာဉ်နှင့်လက်နက်စနစ်များ၊ လေကြောင်းစွမ်းအားအရင်းအမြစ်များကို စနစ်တကျကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုပြီး ပြည်တွင်း၊ ပြည်ပရန်စွယ်အန္တရာယ်များအား ကာကွယ်တိုက်ဖျက်ရေးအတွက် တပ်မတော်ကြီးကို ထိရောက်စွာ အထောက်အကူပြုလျက်ရှိပါကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ March 14, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Video