နိုင်ငံတော်နှင့်နိုင်ငံသားများဂုဏ်အတွက် ရေကုန်ရေခန်းကြိုးပမ်းယှဉ်ပြိုင်မြှင့်တင်
နိုင်ငံတော်နှင့်နိုင်ငံသားများဂုဏ်အတွက် ရေကုန်ရေခန်းကြိုးပမ်းယှဉ်ပြိုင်မြှင့်တင်
Ministry of Information/ Naypyitaw / November 21, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ထိုင်းနိုင်ငံတွင် ကျင်းပမည့် (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ပြုလုပ်တော့မည်ဖြစ်သည်။ ရက်ပိုင်းမျှသာလိုတော့သည့် အားကစားပြိုင်ပွဲကြီးတွင် မြန်မာအားကစားမောင်မယ်များအားလုံး ပါဝင်ယှဉ်ပြိုင်ရန် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ၊ အားကစားပိုင်းဆိုင်ရာအပါအဝင် အစစအရာရာအသင့်ဖြစ်နေပြီဖြစ်ရာ ပြိုင်ပွဲတိုင်းတွင် အနိုင်ရရှိရေးဟူသည့် အမျိုးသားရေးအောင်စိတ်ဖြင့် နိုင်ငံတော်၏ဂုဏ်နှင့် နိုင်ငံသားများ၏ သိက္ခာကိုမြှင့်တင်ပေးကြရမည်ဖြစ်သည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့က နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ(A)၌ ကျင်းပရာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို သွားရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အနေဖြင့် ယခင်ပါဝင်ယှဉ်ပြိုင်ခဲ့သည့် အကြိမ်များထက် ဆုတံဆိပ်ပိုမိုရရှိအောင် စွမ်းဆောင်ပေးကြရန် မှာကြားချင်ကြောင်း၊ သို့မှသာ မြန်မာအားကစားအဖွဲ့၏ အောင်မြင်မှုသမိုင်းကို တိုးတက်မှုနှင့် မှတ်တမ်းတင်သွားနိုင်ကြမည်ဖြစ်သကဲ့သို့ နိုင်ငံ့ဂုဏ်ကိုလည်းမြှင့်တင်ပေးရာ ရောက်မည်ဖြစ်ကြောင်း”ပြောကြားခဲ့သည်။
ယခုကျင်းပမည့် ပြိုင်ပွဲကြီးသည် နိုင်ငံတော်အတွက် ဆုတံဆိပ်များဆွတ်ခူးပြီး မြန်မာအားကစားသမားများအနေဖြင့် အားကစားကဏ္ဍ၌ ထူးချွန်ထက်မြက်သူများဖြစ်သည်ကို နိုင်ငံတကာအလယ်တွင် လက်တွေ့ပြသနိုင်သည့် စွမ်းရည်များကို ထုတ်ဖော်ပြသမည့် ပြိုင်ပွဲကြီးဖြစ်သည်။ အားကစားလူချွန် လူကောင်းများဖြစ်သည်ကို လက်တွေ့ပြသနိုင်သည့် အခွင့်အလမ်းကြီးကို အမိအရဆုပ်ကိုင်ပြီး နိုင်ငံ့ဂုဏ်ကိုမြှင့်တင်ပေးနိုင်ကြမည်ဟုလည်း နိုင်ငံတော်နှင့်ပြည်သူလူထုတစ်ရပ်လုံးက ယုံကြည်မျှော်လင့်လျက်ရှိသည်။ နိုင်ငံတော်နှင့် မိဘပြည်သူများ၏ ယုံကြည်မျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်ရန် မြန်မာအားကစားမောင်မယ်များအနေဖြင့် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်သွားကြမည်ဟု ယုံကြည်ထားသည်။
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် အားကစားနည်းအမျိုးပေါင်း ၅၄ မျိုး ပါဝင်ထည့်သွင်းကျင်းပသွားမည်ဟု သိရသည်။ မြန်မာနိုင်ငံအနေဖြင့် အားကစားနည်း ၃၈ မျိုးတွင် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ရာ အားကစားနည်းအလိုက် အချိန်ယူစခန်းသွင်းလေ့ကျင့်ခဲ့ကြပြီး ပြိုင်ပွဲတွင် အဆင့်မီမီယှဉ်ပြိုင်ရန်နှင့် ပြည်ပအတွေ့အကြုံရရှိစေရန်အတွက် ပြည်ပနိုင်ငံများတွင် အားကစားနည်း ၂၉ မျိုးကို ၁၉၉ ကြိမ် သွားရောက်ယှဉ်ပြိုင်ခဲ့ကြပြီးဖြစ်သည်။ ပြည်တွင်း၌လုံလောက်သော လေ့ကျင့်မှုများနှင့် ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံတကာအတွေ့အကြုံများပေါင်းစပ်၍ ပြိုင်ဘက်နိုင်ငံများမှ အားကစားသမားများကို ကျော်ဖြတ်ယှဉ်ပြိုင်နိုင်စွမ်း အပြည့်အဝရှိနေပြီဟု မျှော်လင့်ထားသည်။
ပြီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအားကစားအဖွဲ့များသည် အားကစားနည်း ၁၉ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ရွှေတံဆိပ်ဆု ၂၁ ဆု၊ ငွေတံဆိပ်ဆု ၂၅ ဆု၊ ကြေးတံဆိပ်ဆု ၆၈ ဆုစုစုပေါင်း ဆုတံဆိပ် ၁၁၄ ဆုရရှိခဲ့သည်။ ယခုယှဉ်ပြိုင်မည့် (၃၃)ကြိမ်မြောက်ပြိုင်ပွဲတွင် အားကစားနည်း ၃၈ မျိုး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်၍ ယခင်ကယှဉ်ပြိုင်ခဲ့သည့် အားကစားနည်းအလိုက် ရရှိခဲ့သည့်ဆုတံဆိပ်များထက် ပိုမိုများပြားစွာရရှိလာအောင် စွမ်းဆောင်နိုင်ကြလိမ့်မည်ဟု ယုံကြည်သည်။ အားကစားပြိုင်ပွဲဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ စိတ်ဓာတ်၊ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ၊ ကြိုးပမ်းအားထုတ်မှု၊ နိုင်ငံကိုချစ်မြတ်နိုးမှုစသည်တို့ မည်မျှရှိမှုနှင့်စည်းလုံးညီညွတ်မှုတို့ကို ထုတ်ဖော်ပြသနိုင်သည့် နိုင်ငံသူနိုင်ငံသားများ၏ စွမ်းရည်ပြပွဲဖြစ်သည်။
အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံဒေသတွင်း၌ အမြင့်မားဆုံး အားကစားပြိုင်ပွဲဖြစ်သည့်အတွက် ယခုပြိုင်ပွဲမှတစ်ဆင့် အာရှမှသည် ကမ္ဘာ့ပြိုင်ပွဲ၊ အိုလံပစ်ပြိုင်ပွဲများအထိ အဆင့်ဆင့်တက်လှမ်း၍ ဝင်ရောက်ယှဉ်ပြိုင် အောင်ပန်းဆင်နိုင်ရေး ကြိုးပမ်းအားထုတ်ရမည်ဖြစ်သည်။ မြန်မာအားကစားသည် အတိတ်တစ်ချိန်က ကမ္ဘာ့အလယ်ထိ ရွှေရောင်လွှမ်းသကဲ့သို့ မြန်မာ့ဂုဏ်ကို ပြန်လည်မြှင့်တင်ပေးကြရမည်ဖြစ်သည်။ အမိမြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားများအားလုံး၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်သည့် ပြိုင်ပွဲကြီးဖြစ်၍လည်း ပြိုင်ပွဲတိုင်းတွင်အနိုင်ရရှိရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည်ကို မြန်မာအားကစားအဖွဲ့ဝင်အားလုံးက သတိပြုနှလုံးသွင်းပြီး အစွမ်းကုန်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
သို့ဖြစ်ရာ “အားကစားမြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ်စောင့်ရှောက်နေခြင်းဖြစ်သည်” ဆိုသည့် ဆောင်ပုဒ်အတိုင်း အားကစားစိတ်ဓာတ်သည် တိုင်းပြည်ချစ်စိတ်၊ တိုင်းပြည်ကာကွယ်လိုစိတ်ကို ပေါ်ပေါက်စေသည့်အတွက် အားကစားကဏ္ဍကို နိုင်ငံတော်က အားပေးမြှင့်တင်ပေးနေသလို မြန်မာအားကစားသမားများကလည်း နိုင်ငံတော်နှင့် နိုင်ငံသားများ၏ဂုဏ်သိက္ခာအတွက် ရေကုန်ရေခန်း ကြိုးပမ်းယှဉ်ပြိုင်မြှင့်တင်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါကြောင်း။ ။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၂ ရက် ၊ နိုဝင်ဘာ ၂၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ November 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ November 20, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ November 19, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Myanmar National Human Rights Commission / Posted on November 20, 2025
Myanmar National Human Rights Commission Statement No (14/ 2025)
Myanmar National Human Rights Commission / Posted on November 20, 2025
ဂျပန်နိုင်ငံ၊ကိုးရီးယားသမ္မတနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့်ခရီးသည်များအတွက် ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ကို (၂၁-၁၀-၂၀၂၅)ရက်မှ(၂၀-၁၀-၂၀၂၆)ရက်အထိ စမ်းသပ်ကာလ(၁)နှစ် ပထမအကြိမ် ထပ်မံသက်တမ်းတိုးမြှင့်ခွင့်ပြုကြောင်းအသိပေးကြေငြာခြင်း
Ministry of Hotel & Tourism / Posted on November 19, 2025
