နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်း


Ministry of Information/ Naypyitaw / April 28, 2026
image_latest


ရန်ကုန် ဧပြီ ၂၇

နိုင်ငံတော်သမ္မတ၏ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် လမ်းညွှန်မှာကြားချက်များနှင့် အစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့် အစီအမံများနှင့် စပ်လျဉ်း၍ ထပ်ဆင့်ရှင်းလင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ်ရှိ သာသနာရေးဝန်ကြီးဌာန (ရန်ကုန်ရုံးခွဲ)ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပ သည်။

တက်ရောက်

အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ ဦးစီးဌာနများနှင့် တက္ကသိုလ်တို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရသစ်အနေဖြင့် စစ်မှန်ပြီး စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဟူသည့် ရည်ရွယ်ချက်လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံကို ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရာတွင် ထူးချွန်ထက်မြက်သည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များစွာ လိုအပ်ပါကြောင်း၊ အနာဂတ်နိုင်ငံတော်၏ တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဗလငါးတန်ပြည့်ဝနေကြရန်လိုအပ်ပါကြောင်း၊ ထို့ပြင် အသက်အရွယ်၊ အဆင့်အတန်းအလိုက် ရှိသင့်ရှိထိုက်သည့် အတွေးအခေါ်၊ အယူအဆ၊ စဉ်းစားဆင်ခြင်သုံးသပ်နိုင်မှု၊ ဆင်ခြင်တုံတရားအစရှိသည့် အသိပညာများပါ ပြည့်စုံကြရမည်ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် အတတ်ပညာရော အသိပညာပါပြည့်စုံပြည့်ဝနေကြရန် လိုအပ်ပါကြောင်း။ အစိုးရအဖွဲ့အနေဖြင့် ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့် အစီအမံများကို ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ သတ်မှတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင်ပါရှိသော လမ်းညွှန်မှာကြားချက်များကို လုပ်ငန်းလမ်းညွှန်များအဖြစ်ခံယူ၍ အလေးအနက်ထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ အစိုးရ၏ရက် ၁၀၀ ကာလအတွင်း ဦးစားပေးဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်အကောင်အထည်ဖော်မည့် လုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကျရာကဏ္ဍများမှနေ၍ လိုက်ပါဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်က အသိအမှတ်ပြုထားသည့် ဘာသာသာသနာများကို တတ်နိုင်သမျှကူညီစောင့်ရှောက်သွားမည်ဖြစ်ပြီး ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့များ၏ အပြုသဘောဆောင်သော ဆောင်ရွက်မှုများအပေါ် အားပေးသွားမည်ဖြစ်ပါကြောင်း၊ သာသနာရေးဆိုင်ရာမှုခင်းများ လျော့နည်းကျဆင်းစေရေးအတွက် ဝိနည်းဓိုရ်သင်တန်းများ ဖွင့်လှစ်ရေး၊ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပရေး၊ တိုင်းဒေသကြီး/ပြည်နယ်များ၌သာမက မြို့နယ်များအားလုံးတွင် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက် ၊ ဧပြီ ၂၈ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 28, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက် ၊ ဧပြီ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ April 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on April 27, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Ministry of Transport and Communications / Posted on April 27, 2026

ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ်(၇၀)ပြည့်အထိမ်းအမှတ် (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် (၇)မျိုးအား ရောင်းချပေးမည်။

Video