နိုင်ငံတော်အကျိုး၊ ဒေသအကျိုးကိုရှေးရှု ပါတီစုံဒီမိုကရေစီဝိုင်းဝန်းဖော်ဆောင်


Ministry of Information/ Naypyitaw / October 27, 2025
image_latest


၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို စတင်ကျင်းပတော့မည်ဖြစ်သည်။ လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်မှုများကို တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကို အပိုင်းလိုက် တစ်ဆက်တည်းကျင်းပပြုလုပ်သွားမည်ဖြစ်ရာ အကြောင်းအမျိုးမျိုးကြောင့် ရွေးကောက်ပွဲမပြုလုပ်နိုင်ခဲ့သည့် မြို့နယ်များကိုလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဟု သိရသည်။

ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသူနိုင်ငံသားများအားလုံးမဲပေးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူပြီး မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်စာရင်းများကိုလည်း ပြုစုထုတ်ပြန်အသိပေးထားသည်။ ရွေးကောက်ပွဲတွင် မဲမသမာမှုများပြုလုပ်၍မရနိုင်သည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များဖြင့်မဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။ လွတ်လပ်ပြီးတရားမျှတသည့် သန့်ရှင်းသောရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရန်အတွက် မဲပေးခွင့်ရှိသူနိုင်ငံသားများအားလုံး၏အခန်းကဏ္ဍနှင့်နိုင်ငံတစ်ဝန်းလုံးပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများနှင့်လွှတ်တော် ကိုယ်စားလှယ်လောင်းများ၏အခန်းကဏ္ဍသည် အလွန်အရေးကြီးသည်။

“မဲပေးရွေးချယ်ရာတွင် ကိုယ်စားလှယ်များသည် ဒို့တာဝန်အရေးသုံးပါးကို အလေးထားစောင့်ထိန်းသူ၊ နိုင်ငံရေးအမြင်၊ လုံခြုံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်များရှိသူများဖြစ်ရန်လိုပြီး အမှန်တကယ်တိုင်းပြည်နှင့်ဒေသအကျိုးအတွက် ဆောင်ရွက်နိုင်သည့်သူများ ဖြစ်ရန်လိုကြောင်း၊ ရွေးကောက်ပွဲသည် နိုင်ငံအတွက်အရေးကြီးသဖြင့် ရွေးကောက်ပွဲအောင်မြင်စေရေး အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း”ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာလ ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ဌာနဆိုင်ရာ  တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

နိုင်ငံတစ်နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ သာယာဝပြောရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီးသုံးရပ်က အဓိကကိုင်တွယ်မောင်းနှင်ပြီး စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မီဒီယာမဏ္ဍိုင်နှင့် ပဉ္စမမဏ္ဍိုင်ဖြစ်သည့် ပြည်သူလူထုမဏ္ဍိုင်ကြီးနှစ်ရပ်ကပူးပေါင်းပါဝင်ပြီး အပြန်အလှန်ထိန်းကျောင်းမောင်းနှင်တည့်မတ်အောင်မြင်အောင် ဆောင်ရွက်ကြသည်။ မကြာမီကာလတွင် လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဖြစ်မနေဆောင်ရွက်ပြီး ရွေးကောက်ပွဲအလွန်တွင် ခိုင်မာအားကောင်းသောလွှတ်တော်များ၊ အစိုးရအဖွဲ့များဖြင့် နိုင်ငံတစ်ဝန်းတည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရတော့မည်ဖြစ်သည်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးအချိန်မှစ၍  နိုင်ငံတော်ကိုတည့်မတ်ခိုင်မာအားကောင်းပြီး ဖွံ့ဖြိုးတိုးတက်လာအောင်ဆောင်ရွက်ရာတွင် နိုင်ငံတော်ကိုအဓိကတာဝန်ယူဆောင်ရွက်ခဲ့သည့် ခေတ်စနစ်အလိုက်အကောင်အထည်ဖော်ခဲ့ကြသော ပြည်သူလူထုက ရွေးချယ်တင်မြှောက်ခဲ့သည့် အဖွဲ့အစည်းများကိုကြည့်မည်ဆိုလျှင် ဖဆပလ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး၊  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟူသည့် နိုင်ငံရေးပါတီကြီးသုံးခုကို တွေ့မြင်ရမည်ဖြစ်သည်။ ပြည်သူ လူထုကရွေးချယ်တင်မြှောက်ခဲ့သောပါတီကြီးသုံးခု၏ နိုင်ငံတော်နှင့်ပြည်သူလူထုအကျိုးကို ဆောင်ရွက်ပေးနိုင်ခဲ့မှုအခြေအနေများ၊ အားသာချက်၊ အားနည်းချက်အခြေအနေများကို သင်ခန်းစာယူထုတ်ဖော်ကာ မျက်မှောက်ကာလတွင်လည်း နိုင်ငံတော်နှင့်ပြည်သူအကျိုးကို အမှန်တကယ်ပါဝင်ဆောင်ရွက်ပေးနိုင်မည့် နိုင်ငံရေးပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်များကို ရွေးချယ်ပေးကြရမည်ဖြစ်သည်။

ယနေ့အချိန်ကာလတွင် နိုင်ငံချစ်စိတ်၊မျိုးချစ်စိတ်ဖြင့် တိုင်းပြည်အကျိုးစီးပွားကိုရှေးရှုလျက် အနာဂတ်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်ရန်အတွက် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် သက်ဆိုင်ရာပါတီအသီးသီးဝင်ရောက်ယှဉ်ပြိုင်၍ အဓိကမဏ္ဍိုင်ကြီးသုံးရပ်အားကောင်းခိုင်မာပြီး နိုင်ငံအကျိုး၊ ပြည်သူအကျိုး၊ တိုင်းရင်းသားလူမျိုးစုများအကျိုးအတွက် ပါဝင်ဆောင်ရွက်ကြရမည့်အချိန်အခါဖြစ်သည်။ သို့ဖြစ်ရာ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ရည်မှန်းထားသည့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့်   ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲများအောင်မြင်စွာကျင်းပနိုင်ရေး၊ ရွေးကောက်ပွဲတွင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ပြည်သူအားလုံးမဲပေးခွင့်ရရှိရေး၊ ဂုဏ်သိက္ခာရှိသည့် ရွေးကောက်ပွဲဖြစ်ပေါ်ရေးအတွက် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အားလုံးပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းအပ်ပါကြောင်း။   ။

Newspaper

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ October 27, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ October 26, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလဆန်း ၅ ရက် ၊ အောက်တိုဘာ ၂၅ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ October 25, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ရေကြောင်းသတိပေးကြေညာချက်

Ministry of Information / Posted on October 27, 2025

ရေကြောင်းသတိပေးကြေညာချက်

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

Ministry of Information / Posted on October 27, 2025

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

Ministry of Information / Posted on October 27, 2025

အမျိုးသားလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေများ ပြင်ဆင်ထုတ်ပြန်

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023