နိုင်ငံတော်အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး စီးပွားရေးအခြေခံကောင်းများ စိုက်ထူ


Ministry of Information/ Naypyitaw / February 13, 2026
image_latest


မြန်မာနိုင်ငံတွင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပြီး နိုင်ငံ့စီးပွားရေးမြင့်မားလာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွားရေးမြင့်မားလာမှ နိုင်ငံဖွံ့ဖြိုးတိုးတက်ပြီး လူမှုစီးပွားဘဝများကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ စီးပွားရေးတိုးတက်အောင် ဆောင်ရွက်ပြီး သူတစ်ပါးအမှီအခိုကင်းစွာဖြင့် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်အောင်၊ နိုင်ငံ၏ GDP မြင့်မားတိုးတက်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်လာအောင် မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။

နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဖေဖော်ဝါရီ ၉ ရက်က ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအား တွေ့ဆုံစဉ် “နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးမောင်းနှင်အားသည် အဓိကကျကြောင်း၊ ထို့ကြောင့် မိမိတို့အစိုးရအဖွဲ့အနေဖြင့် ကျန်ရှိနေသည့်အချိန်အတွင်း နိုင်ငံစီးပွားရေးတိုးတက်အောင် ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုး တိုးတက်လာမည်ဖြစ်သဖြင့် ရသမျှအချိန်အတွင်း နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းဆောင်ရွက်သွားကြစေလိုကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်လုပ်ငန်းများကို အခြေခံ၍ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသောနိုင်ငံဖြစ်၍ ပန်းတိုင်ရည်မှန်းချက်များ ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်ပပို့ကုန်များ ပိုမိုရရှိလာကာ နိုင်ငံ၏ GDP တိုးတက်လာမည်ဖြစ်သည်။ စိုက်ပျိုးရေးလုပ်ငန်းများကို တစ်ဧကအထွက်နှုန်းတိုးတက်ရေး ဆောင်ရွက်သွားရန်လိုပြီး သီးထပ်စိုက်ပျိုးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရေး တွန်းအားပေးဆောင်ရွက်သွားကြရန်လိုသည်။ နိုင်ငံတော်အကြီးအကဲအနေဖြင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် နိုင်ငံ့တာဝန်စတင်ယူချိန်မှစ၍ ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း ထိုက်သင့်သလောက်သာ အောင်မြင်မှုရရှိခဲ့သည်။ ထို့ကြောင့် ဆီထွက်သီးနှံစိုက်ပျိုးမှုများ အောင်မြင်ဖြစ်ထွန်းစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ ဆီထွက်သီးနှံများကို ကုန်ကြမ်းအဖြစ် ပြည်ပတင်ပို့ခြင်းထက် ပြည်တွင်းဆီထုတ်လုပ်မှုကို အထောက်အကူပြုမည့် ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်ရန်လိုသည်။ သို့မှသာ ပြည်တွင်းဆီဖူလုံမှု တိုးတက်လာပြီး နိုင်ငံခြားငွေသုံးစွဲမှု လျှော့ချနိုင်မည်ဖြစ်သည်။

နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME လုပ်ငန်းများသည် အဓိကကျသည့်အခန်းကဏ္ဍမှ ပါဝင်နေပြီး များစွာတိုးတက်မှုရှိနေသည်ကိုလည်း တွေ့ရသည်။ MSME လုပ်ငန်းများကို လက်ရှိဆောင်ရွက်နေသည်ထက် ပိုမိုကောင်းမွန်သည့် ထုတ်လုပ်မှုများကို တိုးမြှင့်ဆောင်ရွက်သွားကြရန်လိုသည်။ ပြည်ပသွင်းကုန်အစားထိုးထုတ်ကုန်များနှင့် ပြည်ပပို့ကုန်များရရှိလာအောင် တီထွင်ကြံဆလုပ်ကိုင်ကြရမည်ဖြစ်သည်။ နည်းပညာအရသော်လည်းကောင်း၊ ထုတ်လုပ်မှုအရသော်လည်းကောင်း အရည်အသွေးနှင့် အဆင့်အတန်းမြင့်မားလာစေရေး ယခုထက်ပိုမိုကြိုးပမ်းထုတ်လုပ်ကြရန်လိုသည်။ လက်ရှိထုတ်လုပ်နေသည့် အရည်အသွေးများ၊ အမျိုးအမည်များ၊ အရေအတွက်များထက်ကျော်လွန်ပြီး ထုတ်လုပ်မည်ဆိုပါက နိုင်ငံ့စီးပွားရေး တိုးတက်ကောင်းမွန်လာမည်ဖြစ်သည်။

စိုက်ပျိုးရေးတွင် ပန်းတိုင်ရည်မှန်းချက်မပြည့်မီမှုကြောင့် နိုင်ငံခြားဝင်ငွေများ နှစ်စဉ်လျော့နည်းလျက်ရှိသည်။ ထို့ကြောင့် ဝင်ငွေများတိုးတက်ရရှိလာစေရေး တစ်ဧကပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိလာအောင် ကြိုးပမ်းဆောင်ရွက်ကြ ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ပြည်ပဝင်ငွေများ ပိုမိုရရှိလာပြီး ပြည်တွင်းစီးပွားရေးတိုးတက်မှုကို များစွာအထောက်အကူပြုမည်ဖြစ်သည်။ နိုင်ငံ့စီးပွားရေး တိုးတက်အောင်ဆောင်ရွက်ခြင်းသည် အနာဂတ်တွင် နိုင်ငံ့တာဝန်ယူမည့်အစိုးရအတွက် အထောက်အကူဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်ပေးခဲ့ရမည် ဖြစ်သည်။ နိုင်ငံ့စီးပွားရေးတိုးတက်မှုနှင့်အတူ “နိုင်ငံတော်သာယာဖို့ သဘာဝပတ်ဝန်းကျင် ထိန်းကြစို့” ဆောင်ပုဒ်နှင့်အညီ ပြည်သူများ သာယာလှပသည့် ပတ်ဝန်းကျင်ကောင်းတွင် နေထိုင်နိုင်ရေး ဖန်တီးကြရမည်ဖြစ်သည်။ သစ်တောသစ်ပင်များ စိုက်ပျိုးထိန်းသိမ်းရန်လိုသကဲ့သို့ မြို့ရွာများ သန့်ရှင်းသာယာလှပ စိမ်းလန်းသာယာရေးအတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် ပြည်သူများ အေးချမ်းသာယာမှုကို ပိုမိုရရှိစေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ့စီးပွားတိုးတက်ကောင်းမွန်လာစေရန် ဆောင်ရွက်ပေးနေခြင်းသည် အနာဂတ်တွင် နိုင်ငံတော်တာဝန်ကို လက်ဆင့်ကမ်းပြောင်းလဲထမ်းဆောင်မည့် အစိုးရများအနေဖြင့် ပိုမိုတိုးတက်ကောင်းမွန်လာအောင် အခြေခံကောင်းများ အုတ်မြစ်ချပေးနေခြင်းဖြစ်ပြီး အခြေခံကောင်းများနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာကာ ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာအောင် စေတနာကောင်းများဖြင့် ဆောင်ရွက်ပေးနေခြင်းဖြစ်ပါကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 12, 2026

Publication Date: 2026

Page: 32 pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၀ ရက် ၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်

Ministry of Information / Posted on February 11, 2026

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

Ministry of Information / Posted on February 11, 2026

တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း

ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း

Ministry of Information / Posted on February 11, 2026

၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023