နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ လိုအပ်ချက်ကို တတ်စွမ်းသရွေ့ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည့်အတွက် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်းများပီသစွာ နိုင်ငံတော်အပေါ်တွင် သစ္စာရှိရှိတာဝန်ထမ်းဆောင်ကြရမည်


Ministry of Education/ Naypyitaw / December 24, 2025


နေပြည်တော် ၂၀၂၅ ဒီဇင်ဘာ ၂၄

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ယနေ့ နံနက်ပိုင်းတွင် Naypyitaw State Academy သို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဦးနေမျိုးလှိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ သံတမန်ရေးရာ၊ ဥပဒေပညာ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။

‌ဦးစွာ ပြည်ထောင်စုဝန်ကြီးက Naypyitaw State Academy သည် ကျောင်းသား ဗဟိုပြုသင်ကြားမှုများ၊ Project အခြေပြုသင်ကြားမှုများနှင့် စာကြည့်တိုက်အခြေပြု သင်ကြားမှု နည်းလမ်းများကို အသုံးပြုသင်ကြားနေသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်းနှင့် ဆက်လက် ကြိုးပမ်း‌ဆောင်ရွက်ကြစေလိုပါကြောင်း၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အားလျော်စွာ “ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ မိမိ၏အရည်အသွေးများ တိုးတက်လာစေရန် ကြိုးပမ်းရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် ဝန်ထမ်းများ၏ လိုအပ်ချက်ကို တတ်စွမ်းသရွေ့ ပံ့ပိုးဖြည့်ဆည်းပေးလျက်ရှိသည့်အတွက် နိုင်ငံ့ ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းကောင်းများပီသစွာ နိုင်ငံတော်အပေါ်တွင် သစ္စာရှိရှိ တာဝန် ထမ်းဆောင်ကြရမည်ဖြစ်ပါကြောင်း၊ မကြာမီရက်ပိုင်းအတွင်း ကျင်းပမည့် ပါတီစုံ‌ဒီမိုကရေစီ ရွေးကောက်ပွဲတွင် နိုင်ငံ့အကျိုးကိုဖော်ဆောင်နိုင်မည့် ကိုယ်စားလှယ်များကို မှန်ကန်စွာ‌ရွေးချယ် ဆန္ဒမဲပေးကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် နိုင်ငံတကာဆက်ဆံရေးပညာ၊ သံတမန်ရေးရာ၊ ဥပဒေပညာ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး ကျောင်းသား ကျောင်းသူများ၏ သင်ကြားရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် တွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများ အနေဖြင့် project အခြေပြုသုတေသနစာတမ်းများ ရေးသားရာတွင် မတူညီသည့်ခေါင်းစဉ်များ ဖြစ်စေရန် စဉ်းစားတွေးခေါ်၍ ရေးသားကြစေလိုပါကြောင်း၊ မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲတွင် ‌ကိုယ်တိုင်မဲပေးသည့် အတွေ့အကြုံရရှိနိုင်သည်သာမက လေ့လာသူများအဖြစ် မဲရုံများသို့ သွားရောက်၍ ရွေးကောက်ပွဲအတွေ့အကြုံများ၊ နိုင်ငံရေးပါတီများ၏ ယှဉ်ပြိုင်မှုအတွေ့အကြုံ များ‌ပေါ်တွင် အ‌ခြေခံ၍ ခေတ်နှင့်လျော်ညီသော သုတေသနစာတမ်းများ ပြုစုရေးသားနိုင်သည့် အခွင့်အလမ်းကောင်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း ပြောကြားကာ ကျောင်းသား ကျောင်းသူများ စာတွေ့လက်တွေ့ သင်ယူနေမှုများကို ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ရုံးအမှတ် (၁၃) ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည့် နှစ်သစ်ကူးအကြို မိတ်ဆုံစားပွဲနှင့် နှစ်သစ်ကူးထောက်ပံ့ငွေ ပေးအပ်ခြင်း၊ တစ်နှစ်အတွင်း ခွင့်ယူခဲ့ခြင်းမရှိသည့် ဝန်ထမ်းများအား ဆုချီးမြှင့်ခြင်းနှင့် ငလျင်ကြောင့် ယာယီအဆောက်အအုံတွင် ခေတ္တနေထိုင်နေသည့် ဝန်ထမ်းမိသားစုများကို ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ကြသည်။

ယမန်နေ့မွန်းလွဲပိုင်းကလည်း ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ်(၁၃)ရှိ အစည်းအဝေး ခန်းမ၌ ညွှန်ကြားရေးမှူးများ၊ တိုင်း‌ပညာရေးမှူးများ၊ ခရိုင်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများ နှင့် တွေ့ဆုံ‌ဆွေးနွေးခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၈ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၅ ရက် ၊ ဇန်နဝါရီ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ January 07, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၄ ရက် ၊ ဇန်နဝါရီ ၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 06, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အသိပေးနှိုးဆော်စာ

Ministry of Information / Posted on January 08, 2026

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) အား မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်

Ministry of Information / Posted on January 08, 2026

မြန်မာနိုင်ငံတော်ဗဟိုဘဏ် အမိန့်ကြော်ငြာစာအမှတ် ၂ /၂၀၂၆ ထုတ်ပြန်

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း

Ministry of Information / Posted on January 08, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်း ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023