နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဘွဲ့လွန်ဒီပလိုမာသင်တန်း နှင့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဘွဲ့လွန်ဒီပလိုမာသင်တန်း နှင့် နိုင်ငံတကာဘဏ္ဍာရေး အစီရင်ခံခြင်းစံများ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း(၃) သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခြင်း
Office of the Auditor General of the Union/ NPT / May 21, 2026
မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်တွင် ဖွင့်လှစ်သည့် နိုင်ငံပိုင်ကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံများ ဘွဲ့လွန်ဒီပလိုမာသင်တန်းနှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၂) အပိုင်း (၃) သင်တန်းဖွင့်ပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့နံနက် ၉:၃၀ နာရီတွင်နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ဒေါ်နိုင်သက်ဦးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင်ရာတွင် အဓိကကျသည့် ခိုင်မာအားကောင်းသော ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် ဖြစ်ပေါ်လာစေရေးအတွက် အထောက်အကူပြုစေရန်၊ နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍများတွင် စာရင်းပညာကျွမ်းကျင်သူ၊ စာရင်းပညာရှင်နိုင်ငံ့ဝန်ထမ်းများ အချိုးညီတိုးပွားလာစေရန်နှင့် စာရင်းပညာပြန့်ပွားစေရန် နိုင်ငံပိုင်ကဏ္ဍတွင် နိုင်ငံတကာစာရင်းစံ များအသုံးပြုနိုင်ရေးဆက်လက်ဆောင်ရွက်သွားရန်ရည်ရွယ်၍ သင်တန်းများကို စီစဉ်ဖွင့်လှစ်ပေး ခြင်းဖြစ်ပါကြောင်း၊ သင်တန်းသားများအနေဖြင့် IPSAS နှင့် IFRS စာရင်းစံများနှင့် စပ်လျဉ်းသည့် အသိပညာဗဟုသုတများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ဘဏ်များနှင့် Financial Institutions များတွင် လက်တွေ့ပြန်လည် အသုံးချနိုင်မည်ဖြစ်ကြောင်း၊ ဘဏ္ဍာရေးရှင်းတမ်းများကို ပြုစုရေးဆွဲရာတွင် လိုက်နာကျင့်သုံးခြင်း ဖြင့်ပိုမိုကောင်းမွန်သည့် တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် ပွင့်လင်းမြင်သာမှုရှိသည့် ဘဏ္ဍာရေး အစီရင်ခံစာများကို ရေးဆွဲတင်ပြနိုင်မည်ဖြစ်ကြောင်း၊ ထို့အပြင် မိမိလုပ်ငန်း၏ နှစ်အလိုက် ဘဏ္ဍာရေးရှင်းတမ်းများနှင့် အခြားဌာန၊ အဖွဲ့အစည်းလုပ်ငန်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများကို နှိုင်းယှဉ်လေ့လာ၍ စိစစ်သုံးသပ်နိုင်မည့်အပြင် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည် ပိုမိုပြည့်ဝတိုးတက်လာပြီးကောင်းမွန်သည့်ဘဏ္ဍာရေးစီမံခန့်ခွဲမှုကိုဖြစ်ပေါ်စေသည့် အကျိုးကျေးဇူး များကိုလည်း ရရှိမည်ဖြစ်ကြောင်း၊ စီမံခန့်ခွဲသူများအနေဖြင့်လည်း အနာဂတ်လုပ်ငန်းဆိုင်ရာ ဆုံးဖြတ်ချက်များချမှတ်ရာတွင် မှန်ကန်ထိရောက်သည့် ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် လေ့လာသင်ယူခဲ့ရသည့် သင်ခန်းစာများအပြင် စာရင်းစံဆိုင်ရာပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာ၍ လုပ်ငန်းခွင်တွင်ပြန်လည်မျှဝေရန်၊ မိမိတို့၏ ကိုယ်ပိုင်အရည်အချင်းများ ပိုမိုတိုးတက်အောင်လုပ်ဆောင်ခြင်းဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားများထိရောက်အောင်မြင်အောင်ဆောင်ရွက်နိုင်သည့် ဝန်ထမ်းများဖြစ်စေရေး ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း၊ နေပြည်တော်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ Diploma in IPSAS နှင့် Diploma in IFRS သင်တန်းတွင် ဝန်ကြီးဌာန (၁၉) ခုမှ သင်တန်းသား (၄၁) ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကို ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့မှစ၍ သင်တန်းကာလ (၃) လကျော် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ(၁)ဒေါ်ခိုင်ခိုင်အောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများနှင့် သင်တန်းသားများက ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမတွင်လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ ဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များက Online ဖြင့်လည်းကောင်းတက်ရောက်ခဲ့ကြသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၆ ရက် ၊ မေ ၂၁ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 21, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၅ ရက် ၊ မေ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့။
Publisher: မြန်မာ့အလင်း/ May 20, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၄ ရက် ၊ မေ ၁၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ May 19, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
Ministry of Cooperatives and Rural Development / Posted on May 21, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
Ministry of Ethnic Affairs / Posted on May 19, 2026
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
Ministry of Ethnic Affairs / Posted on February 28, 2026
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
