နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍတွင်ရှိသော စက်ရုံများ၊ အလုပ်ရုံများ အရည်အသွေးကောင်းမွန်သော စက်မှုထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမည်
နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍတွင်ရှိသော စက်ရုံများ၊ အလုပ်ရုံများ အရည်အသွေးကောင်းမွန်သော စက်မှုထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမည်
Ministry of Information/ Naypyitaw / May 28, 2025

နေပြည်တော် မေ ၂၇
စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ (၂/၂၀၂၅) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်အဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
စိစစ်သုံးသပ်နိုင်
ဦးစွာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက စက်မှုဖွံ့ဖြိုးရေးကော်မရှင် ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်တွင်းစက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေးရန်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်တွင်းရှိ စက်မှုလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာရေးနှင့် စက်မှုလုပ်ငန်းစီမံကိန်းအသစ်များ စနစ်တကျထူထောင်အကောင်အထည်ဖော်နိုင်ရေးဖြစ်ကြောင်း၊ ထို့ကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍတွင်ရှိသော စက်ရုံများ၊ အလုပ်ရုံများကို ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် စက်မှုလုပ်ငန်းအဖြစ် ရေရှည်ရပ်တည်နိုင်ပြီး အရည်အသွေးကောင်းမွန်သော စက်မှုထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် One Stop Service (OSS) အစီအစဉ်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဖြစ်ကြောင်း၊ စက်မှုဖွံ့ဖြိုးရေးကော်မရှင်၏ လုပ်ငန်းတာဝန် (၁၆) ချက်နှင့် ပတ်သက်၍ လုပ်ငန်းတာဝန်အလိုက် ဆောင် ရွက်ရမည့် တာဝန်ခံဝန်ကြီးဌာန များလည်း သတ်မှတ်ပြီးဖြစ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံတော်၏ စက်မှုဖွံ့ဖြိုးရေးကဏ္ဍကို အထောက်အကူပြုနိုင်ရေးအတွက် မိမိတို့အကောင်အထည်ဖော်ပေးရမည့် လုပ်ငန်းတာဝန်အလိုက် တာဝန်ခံဌာန သို့မဟုတ် လုပ်ငန်းအဖွဲ့များဖွဲ့စည်းပြီး စနစ်တကျဆောင်ရွက်ရန်နှင့် ဆောင်ရွက်ခဲ့မှုများကို လစဉ်တင်ပြပေးစေလိုကြောင်း၊ သို့မှသာ KPI များနှင့် Target များအတိုင်း ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိ၊ မရှိ စောင့်ကြည့်အကဲဖြတ်ခြင်း (Monitoring & Evaluation) ဆောင်ရွက်မည့်ဌာနသို့ ပေးပို့ပြီး စိစစ်သုံးသပ်နိုင်မည်ဖြစ်ကြောင်း။
ဝိုင်းဝန်းဆွေးနွေး
လက်ရှိအချိန်တွင် ပြန်လည်ထူထောင်ရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ၊ သံမဏိအစရှိသည့် ပစ္စည်းများ လိုအပ်လျက်ရှိရာ ပြည်တွင်း၌ တည်ဆောက်ပြီးဖြစ်သည့် စက်ရုံများကို စွမ်းအားပြည့်လည်ပတ်နိုင်ရေးပံ့ပိုးပေးရန် လိုအပ်သကဲ့သို့ စက်ရုံသစ်စီမံကိန်းများ တိုးပွားလာရေးကိုလည်း တစ်ပြိုင်နက်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန်ကြမ်းများ အသုံးပြုပြီး သွင်းကုန်အစားထိုး ထုတ်လုပ်ရန် ကြိုးပမ်းနေသကဲ့သို့ ပြည်ပမှ ကုန်ချောများ တိုက်ရိုက်တင်သွင်းခြင်းအစား တစ်ဝက်တစ်ပျက်ကုန်ချော (Semi Product) များ တင်သွင်းပြီး ပြည်တွင်း၌ ကုန်ချော (Finished-Product)များ ထုတ်လုပ်နိုင်ရေးကိုလည်း စဉ်းစားဆောင်ရွက်ပေးစေလိုကြောင်း၊ ထိုသို့လုပ်ဆောင်ခြင်းဖြင့် နိုင်ငံခြားငွေအသုံးပြုမှုလျှော့ချနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း၊ အစည်းအဝေးတက်ရောက်လာကြသည့် အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများအနေဖြင့် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်ရမည့် အဓိကစွမ်းဆောင်ရည်ညွှန်းကိန်း (KPI) နှင့် ဦးတည်ရလဒ် (Target) များ၊ ကော်မရှင်၏ ရည်မှန်းချက်နှင့် မဟာဗျူဟာများအပေါ် ဝိုင်းဝန်းဆွေးနွေးပေးကြရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ စက်မှုဖွံ့ဖြိုးရေးကော်မရှင်အတွင်းရေးမှူး စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ စက်မှုဖွံ့ဖြိုးရေးကော်မရှင်သို့ တင်ပြလာသည့် အမှာစာများကိုလည်းကောင်း၊ စက်မှုဖွံ့ဖြိုးရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက မန္တလေးငလျင်ကြီးကြောင့် ပျက်စီးခဲ့သည့် အဆောက်အအုံများ ပြန်လည်ထူထောင်ရန်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ဘိလပ်မြေ၊ သံချောင်းလုံးနှင့် Steel Structure များ လိုအပ်မှု၊ ပြည်တွင်းဘိလပ်မြေစက်ရုံများနှင့် သံမဏိစက်ရုံများ၏ ထုတ်လုပ်မှု၊ ကုန်ကြမ်းလိုအပ်မှုနှင့် ဘိလပ်မြေနှင့် သံချောင်းလုံးတင်သွင်းရမည့် အခြေအနေတို့ကိုလည်းကောင်း၊ တက်ရောက်လာကြသည့် စက်မှုဖွံ့ဖြိုးရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာနအလိုက် ဆောင်ရွက်နေသည့် လုပ်ငန်းများကိုလည်းကောင်း ဆွေးနွေးတင်ပြကြသည်။
ထို့နောက် စက်မှုဖွံ့ဖြိုးရေးကော်မရှင်ဥက္ကဋ္ဌက စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုအရေးပါသော အခြေခံအထောက်အပံ့ကောင်းဖြစ်ခြင်းကြောင့် အဖွဲ့ဝင် ဝန်ကြီးဌာနများအနေဖြင့် မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ နိုင်ငံပိုင်စက်မှုလုပ်ငန်းများအတွက်ဖြစ်စေ၊ ပုဂ္ဂလိကစက်မှု ကဏ္ဍအတွက်ဖြစ်စေ ခွင့်ပြုမိန့်များတောင်းခံလာပါက ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးနည်းများနှင့်အညီ သက်ဆိုင်ရာဌာနများက မြန်ဆန်စွာ ဆောင်ရွက်ပေးရန် အဓိကမှာကြားလိုကြောင်း၊ နိုင်ငံတော်၏ စက်မှုကဏ္ဍတွင် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှုဖြင့် ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်အောင် ထိထိရောက်ရောက် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁ ရက်၊ မေ ၂၇ ရက်၊ အင်္ဂါနေ့။
Announcement
အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း
Ministry of Cooperatives and Rural Development / Posted on May 29, 2025
NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Ministry of Planning and Finance / Posted on May 27, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Ministry of Transport and Communications / Posted on May 22, 2025
ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း