နိုင်ငံဖွံ့ဖြိုးရေးနှင့်ကာကွယ်ရေး ထာဝစဉ်အဆင့်မြှင့်ဆောင်ရွက်ပေး


Ministry of Information/ Naypyitaw / December 07, 2025
image_latest


တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၂၇) သင်တန်းဆင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနားကို ဒီဇင်ဘာလ ၅ ရက်နေ့က ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်မိန့်ခွန်းပြောကြားရာတွင် မျက်မှောက်ခေတ်နည်းပညာသာလွန်မှု အကျိုးရလဒ်များကို ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ယနေ့ခေတ်စစ်ပွဲများတွင် နည်းပညာမြင့်မားတိုးတက်လာမှုနှင့်အတူ ဒရုန်းအသုံးပြုမှုနယ်ပယ်တွင်လည်း ကျယ်ပြန့်လာခဲ့ကြောင်း၊ ထို့ကြောင့် ဒရုန်းနှင့်တန်ပြန်ဒရုန်းနည်းဗျူဟာများ၊ ကာကွယ်ရန်နည်းလမ်းများကို ကောင်းစွာသိရှိနားလည်ပြီး ထိရောက်စွာအသုံးချနိုင်ရန်နှင့် နည်းပညာပိုင်းတွင်လည်း မျက်ခြည်မပြတ်စေဘဲ စဉ်ဆက်မပြတ်တိုးတက်စေရေး လုပ်ဆောင်ရန်လိုသည်ကို ပြောကြားလိုကြောင်း၊ နိုင်ငံတကာတွင် လက်ရှိဖြစ်ပေါ်တိုးတက်နေသည့် စစ်ဘက်သိပ္ပံနှင့် နည်းပညာတိုးတက်ပြောင်းလဲမှုများကို စဉ်ဆက်မပြတ်လေ့လာပြီး မိမိနိုင်ငံ၊ မိမိတပ်မတော်အတွက် တပ်မတော်နည်းပညာတက္ကသိုလ်၏ “ကျင့်ဝတ်၊ တီထွင်၊ စွမ်းအားရှင်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ ဆန်းသစ်တီထွင် ထုတ်လုပ်နိုင်အောင် ကြိုးပမ်းသွားရန်” အသိပေးပြောကြားခဲ့သည်။

မျက်မှောက်ကာလတွင် ဖြစ်ပေါ်နေသည့် ပဋိပက္ခများကိုကြည့်ပါက ယခင်က အဏုမြူလက်နက်၊ သမားရိုးကျလက်နက်များနှင့် ခြိမ်းခြောက်သည့်အခြေအနေမှ ယခုအခါ နည်းပညာအသုံးပြု စစ်ပွဲပုံသဏ္ဌာန်များ၊ အင်အားကြီးသည့်နိုင်ငံများက အုပ်စုဖွဲ့ပြီး အင်အားနည်းသည့်နိုင်ငံများကို ကြားခံထားကာ အဆိုပါနိုင်ငံများ၏ အိမ်နီးချင်းအင်အားကြီးနိုင်ငံများကို နည်းမျိုးစုံဖြင့်ထိန်းချုပ်ရန် ကြိုးစားလာကြသည်ကို တွေ့ရမည်ဖြစ်သည်။ သတင်းအချက်အလက်နှင့်ကိန်းဂဏန်းများကို စုစည်းတွက်ချက်ရယူပြီး တိကျစွာပစ်ခတ်နိုင်သည့် လက်နက်စနစ်များ၊ အမိန့်ပေးစနစ်များ နှင့် သတင်းကွန်ရက်စနစ်များ ပေါင်းစပ်အသုံးပြုလာကြသည်ကို တွေ့ရသည်။ စစ်နည်းဗျူဟာကျွမ်းကျင်မှု၊ လေကြောင်းအကဲသာမှုနှင့် အီလက်ထရောနစ် နည်းပညာသာလွန်မှု၊ လက်နက်ခဲယမ်းများ ခေတ်မီကောင်းမွန်မှု၊ ထိရောက်တိကျမှုတို့သည် စစ်ပွဲ၏အနိုင်/အရှုံးအား အဓိကအဆုံးအဖြတ်ပေးလာသည်ကို တွေ့ရမည်ဖြစ်သည်။

ယနေ့ခေတ်ကာလ စစ်ဘက်ဆိုင်ရာ သိပ္ပံနှင့်နည်းပညာများ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် ခေတ်သစ်စစ်ပွဲများတွင် ဦးဆောင်ကွပ်ကဲထိန်းချုပ်သည့် နည်းပညာများကို လူသားများအစား ဉာဏ်ရည်တုနည်းပညာ(AI) အသုံးပြုနိုင် သည်အထိ တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ စစ်ပွဲများတွင် ဉာဏ်ရည်တု နည်းပညာ(AI) စနစ်များကို အသုံးပြုနိုင်ခြင်းဖြင့် အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလက်များကို စုဆောင်းနိုင်သည့်အတွက် ရန်သူ၏လှုပ်ရှားမှုများကို ထိထိရောက်ရောက် ထောက်လှမ်းနိုင်မည်ဖြစ်သည်။ ဉာဏ်ရည်တုနည်းပညာ(AI)၏ အရေးပါသည့် အခန်းကဏ္ဍတစ်ခုမှာ ဆိုက်ဘာလုံခြုံရေးပင်ဖြစ်သည်။ ဆိုက်ဘာတိုက်ခိုက်မှုများကို လျင်မြန်စွာဖော်ထုတ်နိုင်ပြီး အချိန်မီတုံ့ပြန်နိုင်ခြင်းကြောင့် စစ်ရေးကွန်ရက်လုံခြုံရေးကို အမြင့်ဆုံးမြှင့်တင်ပေးနိုင်သည်။

တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် ခေတ်နှင့်အညီ ပြောင်းလဲတိုးတက်လာသော နည်းပညာများကို မျက်ခြည်အပြတ် မခံဘဲစစ်ရေးစွမ်းရည် တိုးတက်လာအောင် အချိန်နှင့်အမျှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်နည်းတူ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားများအတွက် ကြီးမားသော ခြိမ်းခြောက်မှုများဖြစ်သည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးတွင်လည်း လူသားချင်းစာနာထောက်ထားမှုများနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် လတ်တလောဖြစ်ပွားခဲ့သည့် မန္တလေးငလျင်ဒဏ်ကြောင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းခြင်း၊ ဆက်သွယ်ရေးလမ်းကြောင်းများကို အမြန်ဆုံးပြုပြင်ဆောင်ရွက်ခြင်း၊ အန္တရာယ်ရှိအဆောက်အအုံများ ဖယ်ရှားရှင်းလင်းခြင်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။

အင်ဂျင်နီယာပိုင်းဆိုင်ရာ စံချိန်စံညွှန်းသတ်မှတ်ချက်ပြည့်မီပြီး ရေရှည်တည်တံ့ ခိုင်မြဲအောင် တည်ဆောက်နိုင်သည့် သာဓကအဖြစ် မန္တလေးငလျင်ဒဏ်ကို ခံနိုင်ရည် ရှိသည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မပျက်စီးခြင်းက သက်သေပင်ဖြစ်သည်။ တပ်မတော်၏နည်းပညာနှင့်အင်ဂျင်နီယာစွမ်းပကားများသည် တပ်မတော်သမိုင်းကြောင်းတွင် အခိုင်အမာမော်ကွန်းတင်နိုင်မှု များစွာရှိသည်။ မျက်မှောက်ကာလ အကြမ်းဖက်သောင်းကျန်းသူများဖျက်ဆီးခဲ့သည့် အများပြည်သူအသုံးပြုလျက်ရှိသော လမ်း၊ တံတား အခြေခံအဆောက်အအုံများကို အလျင်အမြန် ပြန်လည်တည်ဆောက်ပေးနိုင်ခဲ့သည်။

သို့ဖြစ်ရာ တပ်မတော်၏ အင်ဂျင်နီယာစွမ်းပကားဖြင့် အားထားရသည့် လက်ရုံးတပ်ဖွဲ့အဖြစ် အစဉ်အလာကောင်းများနှင့်အညီ နိုင်ငံတော်ကာကွယ်ရေးနှင့် တည်ဆောက်ရေးတွင် ကျေပွန်စွာထမ်းရွက်ခဲ့သလို ခေတ်သစ်နည်းပညာ ကာကွယ်ရေးစွမ်းပကားဘက်တွင်လည်း တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုများကို မျက်ခြည်အပြတ်မခံဘဲ အဆင့်မြင့်မားသော တပ်မတော်အဖြစ် နိုင်ငံတော်နှင့် နိုင်ငံသားများအား ထာဝစဉ်ကာကွယ်စောင့်ရှောက်ပေးလျက်ရှိပါကြောင်း။ ။

Newspaper

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ December 07, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Publisher: မြန်မာ့အလင်း/ December 06, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ December 05, 2025

Publication Date: 2025

Page: 32 Pages

Language: မြန်မာ

Download

Announcement

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Ministry of Information / Posted on December 06, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023