နိုင်ငံ၏အရင်းအမြစ်များကိုအသုံးချ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း


Ministry of Information/ Naypyitaw / May 02, 2026
image_latest


နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များနှင့် လူသားအရင်းအမြစ်များကိုအသုံးချ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုစီးပွားမြင့်မားတိုးတက်ရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ကုန်ထုတ်စွမ်းအား မြင့်မားတိုးတက်မှုနှင့် ဝန်ဆောင်မှုအရည်အသွေးတိုးတက်မြင့်မားမှုအပေါ်တွင် မူတည်သည်။ ထို့ကြောင့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်စွမ်းအားများ မြင့်မားတိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံသည် သဘာဝအခြေခံကောင်းများနှင့် ရေခံမြေခံကောင်းများ ပေါများကြွယ်ဝသည့်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည်အလုပ်လုပ်နိုင်သော လူဦးရေအများဆုံးနိုင်ငံများတွင်ပါဝင်သည်။ အလုပ်လုပ်နိုင်သူ လူဦးရေပေါများခြင်းသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ့စီးပွားမြင့်မားတိုးတက်ရေးတို့အတွက် အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် အခြေခံကောင်းများကို ပိုင်ဆိုင်ထားသည်။ အသိပညာနှင့် အတတ်ပညာပြည့်ဝသည့် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးနိုင်ရေးအတွက် ပညာရေးကို အားပေးမြှင့်တင်လျက်ရှိသည်။ ပညာရေးတွင် အနည်းဆုံးအဆင့် KG+9 ပြီးဆုံးသည်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုကျွမ်းကျင်သူများဖြစ်လာစေမည့် အသက်မွေးဝမ်းကျောင်းပညာများကို သင်ကြားပေးလျက်ရှိသည်။

နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များကို အကျိုးရှိထိရောက်စွာအသုံးချပြီး စိုက်ပျိုးမွေးမြူရေး ကုတ်ထုတ်လုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်လျက်ရှိသည်။ ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်လျက်ရှိသည်။ အလုပ်သမားများ ဝင်ငွေတိုးတက်စေခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖြစ်ထွန်းစေခြင်း၊ ကျွမ်းကျင်လုပ်သားများ ရရှိခြင်းအတွက် ကျွမ်းကျင်မှုဆိုင်ရာသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။ ထို့အပြင် လုပ်သားအခြေပြု ကုန်ထုတ်လုပ်ငန်းများ တိုးတက်များပြားလာစေရန် ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခြင်းနှင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးဆောင်ရွက်ပေးလျက်ရှိသည်။

နိုင်ငံတော်က အလုပ်အကိုင်အခွင့်အလမ်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးတို့ကို ကြိုးပမ်းဆောင်ရွက်ပေးနေသကဲ့သို့ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များ ဖွံ့ဖြိုးတိုးတက်စေရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက်ဆောင်ရွက်ရာတွင် စီးပွားရေးကောင်းမွန်ရန် အထူးလိုအပ်သည်။ ထို့ကြောင့် ပြည်တွင်းအင်အားများကို အဓိကအသုံးပြု၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံ၏ လူဦးရေ ၃၁ ရာခိုင်နှုန်းခန့်သည် မြို့ပြများတွင်နေထိုင်ကြပြီး ၇၀ ရာခိုင်နှုန်းနီးပါးသည် ကျေးလက်များတွင်နေထိုင်ကြရာ ထိုအထဲတွင် လူဦးရေ ၅၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက်လုပ်ငန်းများကို လုပ်ကိုင်ကြသည်။ ဒေသတွင်းနိုင်ငံများတွင် မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှုသည် မြင့်မားလျက်ရှိကြောင်း သိရသည်။ ထိုအထဲတွင် ကျေးလက်နေပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုမှာ ပိုမိုများပြားသည်ကို တွေ့ရသည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏စီးပွားရေးကို မြှင့်တင်ဆောင်ရွက်ပေးမှသာ ၎င်းတို့၏ဝင်ငွေများ တိုးတက်မြင့်မားလာပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်သည်။

နိုင်ငံတော်အနေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ လူသားအရင်းအမြစ်များရရှိစေရန်အတွက် အခြေခံပညာအလယ်တန်းတွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံဘာသာရပ်များကို သင်ကြားပေးမည်ဖြစ်ပြီး စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများကို တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လူသားအရင်းအမြစ်ကောင်းများရရှိရေးကို အလေးထားပြီး ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ထုတ်ကုန်ပစ္စည်းများ တိုးတက်ရရှိပြီး ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်နိုင်မည်ဆိုပါက ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်သကဲ့သို့ ပြည်ပပို့ကုန်များလည်း တိုးမြှင့်ရရှိစေမည်ဖြစ်သည်။

သို့ဖြစ်ရာ နိုင်ငံ၏ပိုင်ဆိုင်ထားသော အရင်းအမြစ်များကို ထိရောက်စွာအသုံးချ၍ ထုတ်ကုန်များကို ပိုမိုတိုးတက်ထုတ်လုပ်နိုင်ခြင်းဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်မည်ဖြစ်သကဲ့သို့ ပြည်ပသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ခြင်းဖြင့် နိုင်ငံခြားဝင်ငွေများလည်းပိုမိုရရှိကာ နိုင်ငံ့စီးပွားမြင့်မားတိုးတက်လာပြီး ပြည်သူများ၏ လူမှုစီးပွားဘဝများ မြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။ ။

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 02, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 01, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ April 30, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Ministry of Information / Posted on May 01, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...

Myanmar National Human Rights Commission Statement No. (5/2026)

Myanmar National Human Rights Commission / Posted on April 30, 2026

Video