နောင်ချိုမြို့နယ်၌ အသက်(၁၅)နှစ်အောက်ကလေးများအား အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေး


Ministry of Information/ Naypyitaw / August 31, 2025
image_latest


နောင်ချို ဩဂုတ် ၃၀

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထုကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ်တွင် ပဏာမကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းများကို မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနအောက်ရှိ ကျေးလက်ကျန်းမာရေးဌာနနှင့် ဌာနခွဲ ၂၄ ခု ပြန်လည်ဖွင့်လှစ်ထားရှိပြီး အားဖြည့်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်ရာတွင် နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေး ဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား ကွင်းဆင်း၍ ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းနှင့် အသက် ၅ နှစ်အောက်နှင့် ကာကွယ်ဆေးဖြင့်ကာကွယ်၍ရသော ရောဂါများ ဖြစ်ပွားနိုင်ခြေများပြီး အစုအဝေးဖြင့် နေထိုင်သောနေရာများမှ အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများမရရှိခဲ့သည့် အသက် ၁၅ နှစ်အောက်ကလေးများအား အသက်အရွယ်အလိုက် လိုအပ်သောကာကွယ်ဆေးများ အထူးအစီအစဉ်ဖြင့် ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်း (Special Immunization Activities)နှင့် အမီလိုက် (Big Catchup) နည်းလမ်းတို့ဖြင့် ထိုးနှံပေး၊ တိုက်ကျွေးပေးလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၃၀ ရက်အထိ နောင်ချိုမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် နောင်ချိုမြို့ပေါ်နှင့် ကျေးရွာများရှိ ကျောင်းပေါင်း ၇၆ ကျောင်းနှင့် ကျောင်းသားပေါင်း ၁၂၁၇၈ ဦးအားကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး မြို့ပေါ်နှင့် ကျေးလက်ကျန်းမာရေးဌာနများတွင် ဒေသခံတိုင်းရင်းသားပြည်သူ စုစုပေါင်း ၁၈၁၆ ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းနှင့် အသက် ၅ နှစ် အောက်နှင့် အသက်အရွယ်အလိုက် လိုအပ်သော ကာကွယ်ဆေးများမရရှိခဲ့သည့် အသက် ၁၅ နှစ်အောက်ကလေး ၂၈၁၂ ဦးအား လိုအပ်သော ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ September 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ August 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ August 30, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

Ministry of Information / Posted on August 31, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ကြေညာ

Ministry of Information / Posted on August 31, 2025

မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ကြေညာ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး (ပုသိမ်မြို့)

Ministry of Ethnic Affairs / Posted on August 29, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဧရာဝတီတိုင်း ဒေသကြီးညွှန်ကြားရေးမှူးရုံး (ပုသိမ်မြို့)

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023