နေ့စဉ်မိုးလေဝသသတင်း (နံနက် ၇ နာရီ)ထုတ်ပြန်ချက်


Ministry of Transport and Communications/ Naypyitaw / April 15, 2026
image_latest


နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့ မွန်းလွဲ :၀၀ နာရီအချိန် ထုတ်ပြန်ချက်)

မန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက ကချင်ပြည်နယ်တွင် နေရာစိပ်စိပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ နေ့အပူချိန်များမှာ ရန်ကုန်တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီးအောက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် ၂ ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ၁၄-၄-၂၀၂၆ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့နှင့် မြင်းမူမြို့တို့တွင် ၄၃.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ မြင်းခြံမြို့နှင့် မကွေးမြို့တို့တွင် ၄၂.၀ ဒီဂရီဆဲလ်စီးယပ်စီ၊ ဇောင်းတူမြို့တွင် ၄၁.၆ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦး မြို့နှင့် မင်းဘူးမြို့တို့တွင် ၄၁.၅ ဒီဂရီဆဲလ်စီးယပ်စီ၊ အောင်လံမြို့နှင့် စစ်ကိုင်းမြို့တို့တွင် ၄၁.၄ ဒီဂရီဆဲလ်စီးယပ်စီနှင့် ဆင်ဖြူကျွန်းမြို့တွင် ၄၁.၁ ဒီဂရီ ဆဲလ်စီးယပ်တို့ ဖြစ်ကြပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ပူတာအိုမြို့တွင် ၀.၄၃ လက်မ၊ မချမ်းဘောမြို့တွင် ၀.၁၆ လက်မ၊ မိုးကောင်းမြို့တွင် ၀.၀၈ လက်မနှင့် မြစ်ကြီးနားမြို့တွင် ၀.၀၄ လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့တွင် အများအားဖြင့် သာယာနေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ်မှ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ရန်ကုန်တိုင်း ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်  အများအားဖြင့် သာယာပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းလျက်ရှိပြီး အဆိုပါ မိုးတိမ် တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင်သတိပြုနိုင်ပါရန် အကြံပြုအပ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။   တိမ်အနည်းငယ် ဖြစ်ထွန်းမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်                         အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။                        အများအားဖြင့် သာယာမည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ June 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ June 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

Ministry of Information / Posted on June 08, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

Ministry of Ethnic Affairs / Posted on June 08, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Ministry of Information / Posted on June 04, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

Video