နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲ ကျင်းပ
Ministry of Information/ Naypyitaw / March 27, 2026
နေပြည်တော် မတ် ၂၆
ရေကူးအားကစားအဆင့်အတန်း ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ် ရေကူးအားကစားသမားများ ပေါ်ထွက်လာစေရေးနှင့် အရေးကြုံက သက်လုံကောင်းစေရေးတို့အတွက် ရည်ရွယ်ဖွင့်လှစ်သည့် နွေရာသီအခြေခံရေကူးသင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ ရေကူးကန်၌ ကျင်းပခဲ့သည်။
ဦးစွာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ အထွေထွေအတွင်းရေးမှူး၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်းက မိမိတို့ဝန်ကြီးဌာနအနေဖြင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်စေရေး၊ အားကစားနည်းအလိုက် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်လာစေရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိစေရေးနှင့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များ ဗလငါးတန်နှင့်ပြည့်စုံစေရေးတို့အတွက် အားကစားကဏ္ဍနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးတို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ် နွေရာသီကျောင်းပိတ်ရက်တွင် အားကစား နှင့်ကာယပညာဦးစီးဌာန အစီအစဉ်ဖြင့် နွေရာသီအခြေခံရေကူး သင်တန်းများကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၊ ရန်ကုန်မြို့ရှိ ဦးဝိစာရရေကူးကန်နှင့် မြောက်ဒဂုံရေကူးကန်တို့တွင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက် လာစေရေးအတွက် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း။
မိမိတို့ ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ အားကစားနှင့်ကာယပညာကော်မတီများနှင့်ပူးပေါင်းပြီး တစ်ပြည်လုံးအတိုင်းအတာဖြင့် နွေရာသီ အခြေခံအားကစား သင်တန်းများ ဖွင့်လှစ်ပေးခြင်းသည် အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ ကျန်းမာကြံ့ခိုင်မှုမြင့်မားလာစေခြင်းအပြင် ပြည်သူလူထုတစ်ရပ်လုံးအားကစားကို ပိုမိုစိတ်ပါ ဝင်စားလာစေရေး၊ နွေရာသီကျောင်းပိတ်ရက်များ တွင် ကျောင်းသားလူငယ်များ အားကစားနည်း အခြေခံများကို လေ့လာလိုက်စားခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်လာစေရေး၊ ကျန်းမာကြံ့ခိုင်ပြီး အရည်အသွေးမြင့်မားသည့် အားကစားမောင်မယ်များ ထွက်ပေါ်လာစေရေးတို့ကိုရည်ရွယ်ပြီး ဖွင့်လှစ်ပေးနေခြင်းဖြစ်ကြောင်း၊ အားလပ်ချိန်တွင် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးနှင့် ရေကူးအားကစားနည်းကို အရှိန်အဟုန်မြှင့် ဆက်လက်လေ့ကျင့်နိုင်စေရန် ဝဏ္ဏသိဒ္ဓိရေကူးအသင်းကို ပြန်လည် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် နည်းစနစ်နှင့် ကျွမ်းကျင်မှုများကိုအခြေခံ၍ အဆင့်မြင့်အားကစားပညာရပ်များကို ဆက်လက်လေ့လာလိုက်စားပြီး နိုင်ငံတကာရေကူးပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်၍ ဆုတံဆိပ်များ ရယူပေးနိုင်ပြီး နိုင်ငံ့ဂုဏ် မြှင့်တင်ပေးနိုင်သည့် ရေကူး အားကစားသမားများဖြစ်အောင် ဆက်လက်ကြိုးစားသွားကြရန် တိုက်တွန်းမှာကြားသည်။
ထို့နောက် အသက်(၁၆)နှစ် အထက် အမျိုးသား/အမျိုးသမီး နွေရာသီအခြေခံရေကူး သင်တန်းပြိုင်ပွဲတွင် ဆုရရှိခဲ့သည့် သင်တန်းသား သင်တန်းသူများအားတစ်ဦး ချင်းဆုတံဆိပ်နှင့် အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို ဒုတိယဝန်ကြီး ဦးထိန်လင်းက လည်းကောင်း၊ အသက်(၁၂)နှစ် အထက်အမျိုးသား/အမျိုးသမီး နွေရာသီအခြေခံရေကူးသင်တန်း ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် သင်တန်းသား သင်တန်းသူများအား တစ်ဦးချင်းဆုတံဆိပ်၊ အမှတ်တရ ဂုဏ်ပြု လက်ဆောင်များနှင့် သင်တန်းနည်းပြဆရာများအား ဂုဏ်ပြုချီးမြှင့်ငွေများကို အားကစားနှင့်ကာယပညာဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဦးဉာဏ်ဇော်ဦးကလည်းကောင်း၊ အသက်(၁၂)နှစ်အောက် အမျိုးသား/အမျိုးသမီး နွေရာသီအခြေခံရေကူးသင်တန်း ပြိုင်ပွဲတွင်ဆုရရှိခဲ့သည့် သင်တန်းသား သင်တန်းသူများအား တစ်ဦးချင်းဆုတံဆိပ်နှင့်အမှတ်တရ ဂုဏ်ပြုလက်ဆောင်များကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယအမြဲတမ်း အတွင်းဝန် ဦးလှမင်းထွန်းကလည်းကောင်း၊ နွေရာသီ အခြေခံရေကူးသင်တန်း သက်တမ်းအလိုက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် သင်တန်းသားသင်တန်းသူများအား ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ရေကူးခွင့် Member Card များကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆန်းဦးကလည်းကောင်း ပေးအပ်ချီးမြှင့်ပြီး သင်တန်းသားသင်တန်းသူများ၏ သရုပ်ပြရေကူးနေမှုကို ကြည့်ရှု အားပေးကြသည်။
ယင်းနောက် ဒုတိယဝန်ကြီးသည် ပြည်ထောင်စုနယ်မြေနေပြည်တော်ရှိ ရွှေကြာပင်အားကစားရုံ၌ကျင်းပသည့် နွေရာသီအခြေခံအားကစား သင်တန်းဖွင့်ပွဲတက်ရောက်သည်။
သင်တန်းဖွင့်ပွဲတွင် နေပြည်တော် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားပြီး နွေရာသီအခြေခံအားကစားသင်တန်းကို ဖွင့်လှစ်ပေးသည်။
ဆက်လက်၍ သင်တန်းတက်ရောက်ကြမည့် အားကစားနည်းအလိုက် သင်တန်းသား သင်တန်းသူများက အားကစားသစ္စာအဓိဋ္ဌာန်ကို သံပြိုင်ရွတ်ဆိုကြပြီး အားကစားသရုပ်ပြအဖွဲ့များ ဖြစ်သည့်မြန်မာ့သိုင်း၊ တိုက်ကွမ်ဒို၊ ဝူရှူးနှင့် ရိုးရာခြင်းလုံးအားကစားအဖွဲ့တို့က သရုပ်ပြသကြကာ တာဝန်ရှိသူများက သရုပ်ပြအဖွဲ့များအား ဂုဏ်ပြုချီးမြှင့် ငွေများနှင့် ပြည်ထောင်စုနယ်မြေ မြို့နယ်ရှစ်မြို့နယ်တို့အတွက် အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ March 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ March 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်း
Ministry of Information / Posted on March 27, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
Ministry of Transport and Communications / Posted on March 25, 2026
မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။
ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Ministry of Information / Posted on March 26, 2026
၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက်...
