နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ
နွေရာသီ အခြေခံရေကူးသင်တန်း အမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲနှင့် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ
Ministry of Information/ Naypyitaw / May 30, 2026
နေပြည်တော် မေ ၂၉
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် နွေရာသီအခြေခံရေကူးသင်တန်းအမှတ်စဉ်(၂/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဝဏ္ဏသိဒ္ဓိရေကူးကန်၌ကျင်းပရာ အားကစားရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲမြင့်ထွန်း တက်ရောက်အမှာစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက အသက်(၁၆)နှစ်အထက် အမျိုးသား/အမျိုးသမီး ပြိုင်ပွဲတွင် ဆုရရှိသူများနှင့် အသက်(၁၂)နှစ်အထက်နှင့်(၁၂)အောက် အမျိုးသား/အမျိုးသမီး သင်တန်းသား သင်တန်းသူများကို တစ်ဦးချင်းဆုတံဆိပ်များ၊ ဂုဏ်ပြုဆုငွေများကို လည်းကောင်း၊ ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့ကြသည့် သင်တန်းသားသင်တန်းသူများကို ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် အခမဲ့ရေကူးခွင့် Member Card များကို လည်းကောင်း ပေးအပ်ကြသည်။
ထို့နောက် အားကစားရေးရာ ဝန်ကြီးဌာန၏ ဦးဆောင်ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံ ဂေါက်သီးအားကစားအဖွဲ့ချုပ်က ကြီးမှူး၍ မြို့တော်ဂေါက်ကွင်း၌ ကျင်းပသည့် Nay Pyi Taw Amateur & Junior Open Championship ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က အလှည့်ကျဂေါက်သီးရိုက်၍ ပြိုင်ပွဲကို ဖွင့်လှစ်ပေးကြသည်။
ပြိုင်ပွဲသို့ ဝါသနာရှင်အဆင့် အားကစားသမား ၈၀၊ Junior အဆင့် ကစားသမား ၅၀ စုစုပေါင်း ၁၃၀ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး မေ ၂၉ ရက်မှ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 29, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 28, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ May 27, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
Union Civil Service Board / Posted on May 29, 2026
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
Union Civil Service Board / Posted on May 29, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်
Ministry of Information / Posted on May 29, 2026
ယာဉ်အို/ယာဉ်ဟောင်းများ ပယ်ဖျက်ရေး နှင့် အစားထိုး လျှပ်စစ်သုံးယာဉ်များ တင်သွင်းရေး အသိပေး ကြေညာချက်