ပထမရက် (၁၀၀)အတွင်းဆောင်ရွက်မည့် စားသောက်ကုန်လုပ်ငန်းအတွက် ကွင်းဆင်းဆောင်ရွက်


Ministry of Cooperatives and Rural Development/ Naypyitaw / April 07, 2026
image_latest


နေပြည်တော်၊ ဧပြီလ  ၇ ရက်

                  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန အနေဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပထမရက်(၁၀၀)အတွင်း ကုန်ထုတ်လုပ်ငန်များ အကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် နေပြည်တော်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများသည် ပြည်ထောင်စုနယ်မြေအတွင်းရှိ ဘေးဒဏ်သင့်ပြည်သူများအား လုပ်ငန်း ထူထောင်ပေးနိုင်ရန်အတွက်ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဌာနမှဆောင်ရွက်ပေးနေသော စီမံကိန်း လုပ်ငန်းများအား ရှင်းလင်း၍ဒေသနှင့် ကိုက်ညီသောလုပ်ငန်းများထူထောင်နိုင်ရန်အတွက် နည်းပညာ ပေးနိုင်သည့် သင်တန်းအမျိုးအစားများကို ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါကြောင်း၊ ဖွင့်လှစ် သင်ကြားပြီးသည့်နောက် သင်တန်းဆင်းများအနက် သတ်မှတ်နှင့်ကိုက်ညီသည့် တစ်ပိုင်တစ်နိုင် ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူ (၅)ဦးကို ရွေးချယ်ပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ အသုံးပြုခွင့် ပံပိုးဆောင်ရွက်ပေးမည်ဖြစ်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဥပဒေနှင့်အညီ လုပ်ငန်း မှတ်ပုံတင်ပေးမည့်အခြေအနေများအား ကွင်းဆင်းစည်းရုံးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

                  ဆွေးနွေးမှုများအပေါ် ဒေသခံများ၏တောင်းဆိုမှုအရ စားသောက်ကုန်လုပ်ငန်းထူထောင် ပေးနိုင်ရန်အတွက် မိသားစုဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းအား ဧပြီလအတွင်း စတင်အကောင် အထည်ဖော် ဆောင်ရွက်သွားရန် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 05, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Ministry of Information / Posted on April 06, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်

Ministry of Information / Posted on April 06, 2026

အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။

Video