ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျေးသီးမြို့နယ်မှ ဒေသခံလူငယ်များ၏ ရွေးကောက်ပွဲအပေါ် အမြင်နှင့် သဘောထားမှတ်ချက်များ
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ ကျေးသီးမြို့နယ်မှ ဒေသခံလူငယ်များ၏ ရွေးကောက်ပွဲအပေါ် အမြင်နှင့် သဘောထားမှတ်ချက်များ
Ministry of Information/ Naypyitaw / January 26, 2026
နေပြည်တော် ဇန်နဝါရီ ၂၅
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃) ကို မြန်မာနိုင်ငံရှိ မြို့နယ် ၆၁ မြို့နယ်၌ ဇန်နဝါရီ ၂၅ ရက်တွင် အောင်မြင်စွာကျင်းပခဲ့ပြီး ရွေးကောက်ပွဲ အပိုင်း (၃) ကျင်းပရာ မြို့နယ်တစ်ခုဖြစ်သည့် ရှမ်းပြည်နယ် မိုင်းရှူးခရိုင် ကျေးသီးမြို့နယ်မှ ဒေသခံလူငယ်များ၏ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် အမြင်သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။
စိုင်းသိန်းဦး ဈေးရပ်ကွက်၊ ကျေးသီးမြို့
ဒီရွေးကောက်ပွဲက နိုင်ငံ အတွက် အင်မတန်အရေးပါတဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံတော်ပိုမိုကောင်းမွန်ဖို့ ရည်ရွယ်ပါတယ်။ ဒီရွေးကောက်ပွဲကြီးကို ဖြစ်မြောက်အောင် ကျင်းပနေတာပါ။ ရွေးကောက်ပွဲဟာ ကျွန်တော်တို့ ပြည်သူတွေအတွက် မှန်ကန်တဲ့ ထွက်ပေါက်တစ်ခုလို့ မြင်ပါတယ်။ ဒါကြောင့် ကျွန်တော်အနှစ်သက် ဆုံးပါတီကို ရွေးချယ်မဲပေးခဲ့ပါတယ်။ လူငယ်တွေအနေနဲ့ အားလုံးပါဝင်မဲပေးကြဖို့လိုပါတယ်။ ဒီရွေးကောက်ပွဲက ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းမွန်တဲ့ အလှည့်အပြောင်းတစ်ခုပါ။
စိုင်းအောင် ကျေးသီးမြို့
ဒီရွေးကောက်ပွဲက ကျွန်တော်တို့ နိုင်ငံအတွက် အများကြီးအရေးပါပါတယ်။ ကျွန်တော်တို့ နိုင်ငံအတွက် ကောင်းမွန်တဲ့ အလှည့်အပြောင်းတစ်ခုလို့လည်း ပြောလို့ရတယ်။ ရွေးကောက်ပွဲကနေ နိုင်ငံနဲ့ ပြည်သူတွေအတွက် ကောင်းမွန်တဲ့ အရွေ့တစ်ခုကို ဆက်လက်သွားနိုင်မယ်။
ကိုချစ်ဦး ဟော်ကုန်းရပ်ကွက်၊ ကျေးသီးမြို့
အခု ရွေးကောက်ပွဲမှာက မဲပေးစက်နဲ့ မဲပေးခဲ့တယ်။ မဲပေးစက်နဲ့ မဲပေးရမယ်ဆိုတော့ မလုပ်တတ်မှာ စိုးရိမ်မိပါသေးတယ်။ ဒါပေမဲ့ လွယ်ကူရိုးရှင်းပါတယ်။ အခုလိုစက်နဲ့ မဲပေးရတာ ကောင်းပါတယ်။ အခုလိုစနစ်တကျစက်နဲ့ မဲပေးရတာက အမှားအယွင်းနည်းပြီး တိကျမြန်ဆန်မှုရှိတယ်လို့ မဲဆန္ဒရှင်လူငယ်တစ်ဦးအနေနဲ့ မြင်ပါတယ်။
စိုင်းငွေအောင် လုံပုရပ်ကွက်၊ ကျေးသီးမြို့
ကျွန်တော်က အခုမှပထမဆုံးအကြိမ် မဲပေးရမှာပါ။ ပြီးတော့ ပထမဆုံးမဲပေးရမယ့်အချိန်မှာ အခုလိုစက်တွေနဲ့ မဲပေးရမှာဆိုတော့ စိတ်လှုပ်ရှားမိတယ်။ ဒါပေမဲ့ လူငယ်တစ်ဦးအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်မဲပေးခွင့်ရတာဖြစ်တဲ့အတွက် ကိုယ်တိုင် ဆန္ဒပြုတဲ့ မဲတစ်ပြားကို ကိုယ့်ဒေသ၊ မြို့နယ်၊ ရပ်ကွက်တွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် တကယ်အားကြိုးမာန်တက် ဆောင်ရွက်ပေးမယ့် ကိုယ်စားလှယ်လောင်းကို ရွေးချယ်ခဲ့ပါတယ်။
မြို့နယ် (ပြန်/ဆက်)
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စနေနေ့။
Announcement
သမဝါယမဦးစီးဌာနမှလစ်လပ်လျက်ရှိသောရာထူးနေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း
Ministry of Cooperatives and Rural Development / Posted on January 23, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးဥပဒေကို တတိယအကြိမ်ပြင်ဆင်သည့်ဥပဒေ
Ministry of Information / Posted on January 24, 2026
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
Ministry of Information / Posted on January 24, 2026
သနန္တန ဓမ္မပါလက (ဟိန္ဒူ) အဖွဲ့ချုပ် သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆)
