ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ နောင်ချိုဘူတာ၊ ဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတားများအား ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်ရှိ နောင်ချိုဘူတာ၊ ဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတားများအား ကြည့်ရှုစစ်ဆေး
Ministry of Transport and Communications/ Naypyitaw / September 16, 2025
နေပြည်တော်၊ စက်တင်ဘာ ၁၅
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် စက်တင်ဘာလ ၁၄ ရက်နေ့က ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့ရှိ မြန်မာ့မီးရထား၏ နောင်ချိုဘူတာ၊ ဂုတ်ထိပ်ဘူတာနှင့် ဂုတ်ထိပ်တံတားများအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် စက်တင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ကျောက်မဲခရိုင်မှ တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် (မြောက်ပိုင်း) နောင်ချိုမြို့နယ်၊ နောင်ချိုဘူတာမှတစ်ဆင့် သံလမ်းပြေးယာဉ်ဖြင့် ဂုတ်ထိပ်တံတားကြီးပေါ်သို့ ရောက်ရှိလာရာ မြန်မာ့မီးရထားမှ တာဝန်ရှိသူများက လက်ရှိဂုတ်ထိပ်တံတားကြီး၏ အခြေအနေကို မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ မကြာမီက အကြမ်းဖက် သောင်းကျန်းသူများ၏ ဖောက်ခွဲဖျက်စီးခံရမှုကြောင့် တံတားကြီး၏ လားရှိုးဘက်ခြမ်း ကမ်းကပ်ခုံနှင့် တံတားတိုင်အမှတ် ၁၆ အကြား တံတားသံဘောင် ပျက်စီးနေသော နေရာတွင် မြန်မာ့မီးရထားတာဝန်ရှိသူများက တံတားကြီးအား အမြန်ဆုံး ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် လိုအပ်သည့် တံတားပစ္စည်းများအား သယ်ယူ၊ စုဆောင်းပြီးစီးမှု အခြေအနေ၊ လက်ရှိတွင် ယာယီထောက်တိုင်ဖြင့် ယာယီသံဘောင်တပ်ဆင်နိုင်ရေး စီစဉ်ဆောင်ရွက်နေမှုအခြေအနေ၊ ပျက်စီးသွားသည့် တံတားအစိတ်အပိုင်းများအား ဖယ်ရှားပြီး၊ တံတားသံဘောင်အသစ်များ အစားထိုးတပ်ဆင်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက သမိုင်းအမွေအနှစ် တံတားကြီးဖြစ်သဖြင့် မူလလက်ရာ ဒီဇိုင်းအတိုင်း ပြန်လည်တည်ဆောက်နိုင်ရေး၊ စံချိန်စံညွှန်း ပြည့်မီစွာဖြင့် သတ်မှတ်အချိန်ဇယားအတိုင်း အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေး လိုအပ်ချက်များကို မှာကြားပြီးနောက် တံတားကြီးနှင့် ကပ်လျက် ပေ ၃၅၀ အရှည်ရှိ ဥမင်လိုဏ်ခေါင်းအတွင်း အကြမ်းဖက်သောင်းကျန်းသူများ ဖျက်စီးထားသည့် ရထားသံလမ်းများ၊ ကွန်ကရစ်ဇလီဖားတုံးများ၊ မိုင်းဖောက်ခွဲရန် စီစဉ်ထားခဲ့သည့်နေရာများကို လိုက်လံကြည့်ရှု စစ်ဆေးကာ လုပ်ငန်းခွင်မှ ဝန်ထမ်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ဆုံအားပေး၍ ဂုဏ်ပြုဆုငွေပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဂုတ်ထိပ်ဘူတာသို့ ရောက်ရှိလာပြီး၊ ဘူတာရုံ၌ သီးသန့်ထိန်းသိမ်းပြသထားသည့် ဂုတ်ထိပ်တံတားကြီးစတင်တည်ဆောက်ခဲ့စဉ်က ရှားပါးမှတ်တမ်း ဓါတ်ပုံများအား ကြည့်ရှုလေ့လာကာ၊ ဘူတာဝန်ထမ်းများနှင့် တံတားမွမ်းမံပြင်ဆင်ရေး တာဝန်ထမ်းဆောင်နေကြသည့် အင်ဂျင်နီယာဝန်ထမ်းများအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နောင်ချိုမြို့၌ တာဝန်ထမ်းဆောင်နေကြသည့် ဌာနအဖွဲ့အစည်းများမှ ဝန်ထမ်းများအား နောင်ချိုဘူတာရုံတွင် တွေ့ဆုံနှုတ်ဆက်၍ လုပ်ငန်းများစနစ်တကျဆောင်ရွက်ရေး၊ ကျန်းမာရေး၊ ဌာနအချင်းချင်း ကူညီရိုင်းပင်းကြရေးတို့ကို မှာကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
ဂုတ်ထိပ်တံတားကြီးသည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နှင့် ကျောက်မဲမြို့အကြား မန္တလေး-လားရှိုး ရထားလမ်းကြောင်းပေါ်၌ ပေ (၂၂၀၀) ကျော် ရှည်လျားကျယ်ဝန်း၍ ပေ (၅၀၀) ခန့်နက်သည့် လျှိုချောက်ကြီး၏ တစ်ဖက်တစ်ချက်ရှိ တောင်နံရံနှစ်ခုကို ဖြတ်သန်းဆက်သွယ် ဖောက်လုပ်ထားခြင်းဖြစ်ကြောင်း၊ တံတားကြီးကို လန်ဒန်မြို့ရှိ Sir A.M.R Rendel & Co., က ဒီဇိုင်းရေးဆွဲပြီး၊ အမေရိကန်ပြည်ထောင်စုမှ Pennsylvania & Maryland Bridge and Construction Co., မှ ၁၈၉၉ ခုနှစ်တွင် စတင်တည်ဆောက်ရာ ၁၉၀၀ ပြည့်နှစ်တွင် ပြီးစီးပြီး၊ ၁၉၀၃ ခုနှစ်တွင် စတင်အသုံးပြုခဲ့ခြင်းဖြစ်၍ ယခုအခါ သက်တမ်းနှစ်ပေါင်း (၁၂၀) ကျော်ခဲ့ပြီဖြစ်ကြောင်း၊ တံတားအရှည် (၂၂၆၀) ပေခန့်၊ တံတားသံမဏိတိုင်အမြင့် (၃၂၀) ပေ အပါအဝင် လျှိုကြမ်းပြင်မှ ရထားသံလမ်း မျက်နှာပြင်အထိ အမြင့် (၈၂၅) ပေခန့်မြင့်မားသောကြောင့် ၎င်းကာလက ကမ္ဘာ့အမြင့်ဆုံး သံမဏိတံတားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း၊ သံနှင့်သံမဏိ တန်ချိန် (၄၃၁၁) တန်၊ သံမှို (၁) သန်းခန့်သုံးစွဲထားပြီး မတ်စောက်သည့် တောင်စောင်းများအကြား ခက်ခဲစွာ တည်ဆောက်ထားခြင်းဖြစ်၍ မီးရထားဖြင့် လိုက်ပါစီးနင်းလျင် တွေ့မြင်ရသည့် သံမဏိတံတားကြီးနှင့် ပတ်ဝန်းကျင်ရှုခင်း အလှအပမှာ လွန်စွာကျော်ကြားပြီး၊ မြန်မာနိုင်ငံအနေ ဖြင့် ဂုဏ်ယူဖွယ်ရာ အံ့မခန်းထင်ရှားသည့် တံတားကြီးတစ်စင်းဖြစ်သည်။ ဤကဲ့သို့သော တံတားကြီးကို ဩဂုတ်လ ၂၄ ရက်နေ့က အကြမ်းဖက် သောင်းကျန်းသူအဖွဲ့ (TNLA) က မိုက်မဲစွာ မိုင်းဖြင့်ဖောက်ခွဲဖျက်စီးခြင်းခံခဲ့ရသည်ကို နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြအသိပေးခဲ့ပြီးဖြစ်သည်။ ယခုအခါ မြန်မာ့မီးရထားမှ အင်ဂျင်နီယာဝန်ထမ်းများက အဆိုပါ ဂုတ်ထိပ်တံတားကြီး၏ ပျက်စီးသွားသည့် အစိတ်အပိုင်းကို ရှေးမူရင်းလက်ရာ ဒီဇိုင်းပုံစံအတိုင်း ပြန်လည်ပြင်ဆင် တည်ဆောက်လျက်ရှိကြောင်း သတင်းရရှိသည်။
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
Newspaper
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ April 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ April 11, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ April 10, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on April 10, 2026
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
