ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၉ မိုင် ၂ ဖာလုံ၌ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၉ မိုင် ၂ ဖာလုံ၌ ယာဉ်တိုက်မှုဖြစ်ပွားသဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု
Ministry of Home Affairs/ နေပြည်တော် / December 02, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် နံနက် ၆ နာရီ ၂၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၆၉ မိုင် ၂ ဖာလုံ၌ နေပြည်တော်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ဦးမျိုးဝင်းသန်း(၄၉)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် BGO-2/ 6K-XXXX HIJET အဖြူရောင်မော်တော်ယာဉ်သည် ယာဉ်မောင်း အိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းရှိ ခရေပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အုတ်ရှစ်ကုန်းနယ်မြေမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၇ နာရီတွင် ပြီးစီးခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်အမှတ် BGO-2/6K-XXXX HIJET အဖြူရောင်မော်တော်ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ရှေ့ခေါင်းပိုင်းပိန်ချိုင့်၊ ရေတိုင်ကီကွဲ ပျက်စီးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား တစ်ဦး အမျိုးသမီး လေးဦး၊ ကလေးငယ် တစ်ဦး စုစုပေါင်း ခြောက်ဦးအနက် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ အမျိုးသမီး နှစ်ဦးနှင့် ကလေးငယ် တစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် ယာဉ်မောင်း မျိုးဝင်းသန်း အား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ December 02, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၂ ရက် ၊ ဒီဇင်ဘာ ၁ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 01, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၁ ရက် ၊ နိုဝင်ဘာ၃၀ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ November 30, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၆/၂၀၂၅)
Myanmar National Human Rights Commission / Posted on December 02, 2025
ရှေ့ဟောင်း Classic မော်တော်ယာဉ်များ ပြန်လည်မှတ်ပုံတင်ပေးခြင်းဆိုင်ရာ အသိပေးကြေညာခြင်း
Ministry of Transport and Communications / Posted on November 29, 2025