ပဲခူးတိုင်းဒေသကြီးအတွင်း သမဝါယမ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ အောင်မြင်ရေး ကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / February 23, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ  ၂၃

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရသည် ဝန်ကြီးဌာနရုံးဘေးရှိ လယ်မြေတွင် Rainbow ဝန်ဆောင်မှုသမဝါယမ အသင်းနှင့် Su Latt Agri Co.,ltd တို့အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ၀.၆၁ ဧကရှိ စံပြစိုက်ကွက်နေကြာစိုက်ခင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုမှတစ်ဆင့် ပဲခူးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနနှင့် သမဝါယမအသင်း ပျဉ်းမလွင် စိုက်ပျိုး ရေးနှင့်အထွေထွေစီးပွားရေး သမဝါယမအသင်းမှ စိုက်ဧက ၁၅ ဧကတွင် ကို ကြည့်ရှုစစ်ဆေးကာ သီးနှံအောင်စေ ရေး၊ အပင်အသက်ရက်အလိုက်သုံးစွဲရမည့်ဆေးများ၊ စိုက်ပျိုးနည်းစနစ်နှင့်အညီ စနစ်တကျ မှာကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ရွှေစုမြေစိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း အနေဖြင့် အသင်းအချင်းချင်းပံ့ပိုးငွေဖြင့် မွေးမြူထားသော ဒေသကြက်အကောင်ရေ  ၂၅၀၀ လုပ်ငန်း သမဝါယမအသင်း၏ နွေစပါး စိုက်ဧက ၁၀၃ ဧက စိုက်ပျိုးထားရှိမှုအခြေအနေများကို သွားရောက်ကြည့်ရှုပြီး အသင်းသားတောင်သူများနှင့်တွေ့ဆုံခဲ့သည်။

ယင်းနောက် ဝေါမြို့နယ် ဧကရာဇ်စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမအသင်း၏ နွေစပါးစိုက်ဧက ၁၅၀ ပေါ်တွင် မျိုးစေ့ထုတ်နွေစပါး(ရေဆင်း ပေါ်ဆန်း-၂) ၇ ဧက စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုစစ်ဆေးကာ အသင်းသားတောင်သူများအား တွေ့ဆုံ၍ လိုအပ်သော သွင်းအားစုများကို အချိန်ကိုက်ထည့်သွင်းစေရေး၊ စိုက်ပျိုးရေးနည်းစနစ်များ နှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ယခင်နှစ်ထက် စပါးအထွက်နှုန်း ပိုမိုရရှိစေရေး၊ လိုအပ်ချက်များအား ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ရေး မှာကြားခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ February 23, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ February 22, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Publisher: မြန်မာ့အလင်း/ February 21, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Ministry of Information / Posted on February 21, 2026

တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

Ministry of Information / Posted on February 21, 2026

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြား ထုတ်ယူခြင်းနှင့်ပတ်သက်သော သတင်းကြေညာချက်

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on February 18, 2026

ချင်းပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း

Video