ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / March 16, 2026
၂၀၂၆ ခုနှစ်၊ မတ် ၁၄ ရက်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ် ၁၄ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၇၆ မိုင်အနီး ယာဉ်ရပ်နားကွင်း၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၀)ရပ်ကွက်နေ ဒေါ်ခင်နှင်းအိ(၄၉)နှစ် မောင်းနှင်ပြီး ယာဉ်ပေါ်တွင် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး နှစ်ဦး၊ စုစုပေါင်း သုံးဦး လိုက်ပါလာသည့် MDY-16/9-XXXX TOYOTA ALPHARD မော်တော်ယာဉ်သည် ယာဉ်ရပ်နားကွင်းတွင် နားရန်အတွက် မောင်းနှင်ဝင်ရောက်လာစဉ် လမ်းလျှောက်လာသည့် ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့နေ ဦးအောင်နိုင်ထွန်း(၅၂)နှစ်အား ဝင်ရောက်တိုက်မိပြီး ရပ်တန့်ထားသည့် MDY-16/2R-XXXX SOJEN မော်တော်ယာဉ်အား ထပ်မံတိုက်မိခဲ့သောကြောင့် ဦးအောင်နိုင်ထွန်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် ခင်နှင်းအိ အား အုတ်ရှစ်ကုန်းအမြန်လမ်းမကြီးရဲစခန်း ယာဉ်(ပ) ၃/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂနွေနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စနေနေ့။
Announcement
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
Ministry of Information / Posted on March 16, 2026
အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
Ministry of Information / Posted on March 16, 2026
၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 16, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း