ပဲခူးတိုင်းဒေသကြီးလူငယ်စင်တာ၌ တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရ အဖွဲ့ကကြီးမှူး၍ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများနှင့် တိုင်းရင်းသားလူငယ်များအတွက် “ကွန်ပျူတာအခြေခံသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အလှခြင်းရက်သင်တန်းနှင့် BOW ကလစ်သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခြင်း


Ministry of Ethnic Affairs/ Naypyitaw / March 18, 2026
image_latest


တိုင်းရင်းသားရေးရာဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ တိုင်းရင်းသား ဘာသာစာပေသင် ဆရာ/ဆရာမများနှင့် တိုင်းရင်းသားလူငယ်များ အတွက် “ကွန်ပျူတာ အခြေခံသင်တန်း၊ အခြေခံစက်ချုပ်သင်တန်း၊ အလှခြင်းရက်သင်တန်းနှင့် BOW ကလစ်သင်တန်း” သင်တန်းဆင်းပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီး လူငယ်စင်တာတွင် ၁၈-၃-၂၀၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါသည်။ တိုင်းရင်းသားဘာသာစာပေသင် ဆရာ/ဆရာမများနှင့် တိုင်းရင်းသား လူငယ်များအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်၍ “ကွန်ပျူတာ အခြေခံ သင်တန်းကို (၂၇-၂-၂၀၂၆) ရက်နေ့မှ (၁၈-၃-၂၀၂၆) ရက်နေ့အထိလည်းကောင်း၊ အခြေခံ စက်ချုပ်သင်တန်းကို (၃၀-၁-၂၀၂၆) ရက်နေ့မှ (၂၀-၂-၂၀၂၆) ရက်နေ့အထိ လည်းကောင်း၊ အလှခြင်းရက်နှင့် Bow ကလစ်ပြုလုပ်နည်း သင်တန်းကို (၉-၃-၂၀၂၆) ရက်နေ့မှ (၁၆-၃-၂၀၂၆) ရက်နေ့အထိလည်းကောင်း သင်ကြားပို့ချပေးခဲ့ပါသည်။

 အဆိုပါသင်တန်းများအတွက် သင်တန်းဆင်းပွဲအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး၊ တိုင်းဒေသကြီး ဥပဒေချုပ် နှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများ နှင့် ဦးစီးဌာန(၂)ခုမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီးက အဖွင့်အမှာစကားပြောကြားခြင်း၊ သင်တန်းနည်းပြများအား ဂုဏ်ပြု ချီးမြှင့်ငွေများပေးအပ်ခြင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီးက ကွန်ပျူတာအခြေခံသင်တန်းသား/သူများ ကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခြင်း၊ တိုင်းဒေသကြီး ဥပဒေချုပ်က အခြေခံစက်ချုပ်၊ အလှခြင်းရက်နှင့် Bow ကလစ်ပြုလုပ်နည်း သင်တန်းသား/သူများကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ထို့နောက် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားပြီးမြောက်ကြောင်း ကြေငြာခဲ့ပါသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး အဆင့်ဌာနဆိုင်ရာများ၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ အခြေခံစက်ချုပ်၊ အလှခြင်းရက် နှင့် Bow ကလစ်ပြုလုပ်နည်း သင်တန်းသား/သူများ၏ အင်္ကျီ၊ အလှခြင်းများ၊ Bow ကလစ် အနုပညာလက်ရာများအား လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၃ ရက် ၊ မတ် ၂၀ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 20, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၂ ရက် ၊ မတ် ၁၉ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 19, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 18, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

တင်ဒါခေါ်ယူခြင်း

Ministry of Ethnic Affairs / Posted on February 04, 2026

တင်ဒါခေါ်ယူခြင်း

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

Ministry of Ethnic Affairs / Posted on January 28, 2026

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Ministry of Ethnic Affairs / Posted on January 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း

Video