ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၆ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ မော်တော်ယာဉ်တိမ်းမှောက်မှု


Ministry of Home Affairs/ နေပြည်တော် / May 26, 2026


     ၂၀၂၆ ခုနှစ်၊ မေ ၂၅ ရက် မွန်းလွဲ ၁ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၃၆ မိုင် ၆ ဖာလုံနှင့် ၇ ဖာလုံကြား၌ ရန်ကုန်မြို့မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးစိုးမြင့်အောင်(၄၉)နှစ် မောင်းနှင်လာသော ယာဉ်အမှတ် YGN-22/5M-XXXX TOYOTA WISH အမျိုးအစား မော်တော်ယာဉ်သည် မိုးရွာသွန်းမှုကြောင့် မောင်းနှင်နေစဉ် အရှိန်လွန်ကာ လမ်းမကြီးဘေးရှိ ယူကလစ်ပင်အား ဝင်ရောက်တိုက်မိမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မီးသတ်ယာဉ် တစ်စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင် ပြီးစီးခဲ့ပါသည်။
     အဆိုပါယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ်၏ ရှေ့လေကာမှန်ကွဲ၊ ဦးခေါင်းပိုင်း ပိန်ချိုင့်၊ ရှေ့ယာဘက်ဘီး ပြုတ်ထွက်၊ ရှေ့နောက် ဝဲ၊ ယာတံခါးများ ပိန်ချိုင့် ပျက်စီးခဲ့ကြောင်း၊ ယာဉ်ပေါ်ပါ ယာဉ်မောင်း အပါအဝင် အမျိုးသား တစ်ဦး၊ အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် အမျိုးသား နှစ်ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ဦးစိုးမြင့်အောင် အား ဗောဓိကုန်းအမြန်လမ်းရဲစခန်းမှ ယာဉ်(ပ)၆/၂၀၂၆၊ ရာဇသတ်ကြီး ဉပဒေပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက် ၊ မေ ၂၆ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ May 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက် ၊ မေ ၂၅ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၉ ရက် ၊ မေ ၂၄ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 24, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Ministry of Transport and Communications / Posted on January 31, 2025

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ

Video