ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်ဝင် မက္ကဒေးမီးယားသီးနှံပင် စိုက်ပျိုးသည့်တောင်သူများ ဝယ်လိုအားကမ်းလှမ်းလာမှုကြောင့် ယခင်ထက် ဝင်ငွေကောင်းပြီး အကျိုးအမြတ် ပိုမိုရရှိလာတော့မည်
ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်ဝင် မက္ကဒေးမီးယားသီးနှံပင် စိုက်ပျိုးသည့်တောင်သူများ ဝယ်လိုအားကမ်းလှမ်းလာမှုကြောင့် ယခင်ထက် ဝင်ငွေကောင်းပြီး အကျိုးအမြတ် ပိုမိုရရှိလာတော့မည်
Ministry of Information/ Naypyitaw / February 14, 2026
နေပြည်တော် ဖေဖော်ဝါရီ ၁၃
မြန်မာနိုင်ငံ၏ ပြည်တွင်းစားသုံးမှုနှင့် နိုင်ငံတကာဈေးကွက်သို့ ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်ဝင်ရောက်လာတော့မည့် နှစ်ရှည်ပင်အမျိုးအစားတွင် ပါဝင်သည့် မက္ကဒေးမီးယား (Macadamia) သီးနှံတစ်မျိုးသည် ယခုလက်ရှိတွင်လည်း အိမ်နီးချင်းနိုင်ငံကြီးတစ်ခု၏ ဝယ်လိုအား ကမ်းလှမ်းလာမှုများကြောင့် စိုက်ပျိုးထုတ်လုပ်သူ တောင်သူများနှင့် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ ဝင်ငွေအကျိုးအမြတ် ပိုမိုရရှိလာတော့မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန (စိုက်ပျိုးရေးဦးစီးဌာနရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲမှ သိရသည်။
မက္ကဒေးမီးယားသီးနှံသည် အခွံမာသီးနှံတစ်မျိုးဖြစ်ပြီး နှစ်ပေါင်းရာချီသက်တမ်းရှိသော နှစ်ရှည်ပင်တစ်မျိုးဖြစ်ရာ (နှစ် ၆၀ မှ နှစ် ၁၀၀ အထိ) ရှိနိုင်ပြီး ကျန်းမာရေးအတွက် အလွန်အကျိုးပြုသော အာဟာရဓာတ်မျိုးစုံပါဝင်သည့်အပြင် လူသားအကျိုးပြု မပြည့်ဝဆီပါဝင်မှုသည် အခြားသီးနှံများထက် ပိုမိုသည့်အတွက် ကမ္ဘာ့အကောင်းဆုံးအစေ့အဆန် (Nut) အဖြစ် ကမ္ဘာကျော်သောသီးနှံဖြစ်သည်။
ရှမ်းပြည်နယ် နောင်ချိုဒေသတွင် ဧက ၅၀၀၀ မက္ကဒေးမီးယားစီမံကိန်းရုံးကိုဖွင့်လှစ်ခဲ့ပြီး ထိုမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းရှိ စိုက်ပျိုးသင့်သော နေရာဒေသများသို့ တိုးချဲ့စိုက်ပျိုးခဲ့ရာ ယခုအခါတွင် ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် စိုက်ပျိုးဧကများစွာ တိုးတက်လာခဲ့ပြီဖြစ်သည်။
အထူးသဖြင့် ရှမ်းပြည်နယ် တွင် ၁၀ ဧက နှင့်အထက်စိုက်ပျိုးသူ ၃၄၁ ဦးရှိပြီး ခေတ်မီစိုက်ပျိုးရေးနည်းစနစ်ကောင်းများဖြင့် အသုံးပြုစိုက်ပျိုးလာကြကာ (G.A.P) လက်မှတ်ရရှိပြီးသူ ၆၇ ဦးအထိ ရှိလာသည့်အတွက် အနာဂတ်ကာလအတွက် နိုင်ငံ့ဝင်ငွေပိုမိုရှာဖွေပေးနိုင်သော အဓိကသီးနှံတစ်ခုအဖြစ် တည်ရှိနေပြီဖြစ်သည်။
‘‘မက္ကဒေးမီးယားသီးနှံက လူသိနည်းပေမယ့် ဝင်ငွေကောင်းပြီး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အမယ်သစ်သီးနှံအဖြစ် ရေမြေနဲ့ကိုက်ညီတဲ့ ဒေသတွေမှာ တိုးချဲ့စိုက်ပျိုးလာစေဖို့ ဒါကနံပါတ် (၁) ပါ၊ ဒီသီးနှံနဲ့ပတ်သက်ပြီး ဒေသတွင်းရှိ ခြံငယ်ရှင်တွေ စိုက်ပျိုးထုတ်လုပ်မှုနဲ့ နည်းပညာအခက်အခဲတွေရှိရင် နည်းပညာပေးလုပ်ငန်းတွေ ဆောင်ရွက်ပေးပြီး နည်းပညာဖွံဖြိုးတိုးတက်လာ စေဖို့နဲ့ကုန်ကြမ်းအဖြစ် ထုတ်လုပ်ရောင်းချနေခြင်းကနေ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် ပြည်တွင်းစားသုံးမှုအပြင် နိုင်ငံခြားဝင်ငွေများ တိုးတက်ရရှိစေဖို့ဆိုတဲ့ ရည်ရွယ်ချက်သုံးခုနဲ့ ဆောင်ရွက်နေတာဖြစ်ပါတယ်။
‘‘၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်မှာ ပြည်ပပို့ကုန်တန် ၁၅၀ ခန့် တင်ပို့ နိုင်ခဲ့ပြီး ပြည်တွင်းစားသုံးမှုပမာဏအနေနဲ့ တန် ၅ဝ စုစုပေါင်းတန် ၂၀၀ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အိမ်နီးချင်းနိုင်ငံကြီးတစ်ခုအနေနဲ့ ဝယ်လိုအားပမာဏအများဆုံး ကမ်းလှမ်းထားတာရှိပါတယ်။ ပြီးတော့ မက္ကဒေးမီးယားသီးနှံ စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းကိုလည်း ဖွဲ့စည်းပြီးဖြစ်ပါတယ်’’ ဟု နှစ်ရှည်သီးနှံဌာနခွဲအောက်ရှိ ရှမ်းပြည်နယ် မက္ကဒေးမီးယားခြံများ တာဝန်ခံပညာရှင် ဦးစီးအရာရှိ ဦးတင်နိုင်ထွန်းကပြောသည်။
အဆိုပါမက္ကဒေးမီးယားသီးနှံ သည် ၂၀၁၆-၂၀၁၇ အတွင်းက ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသ၌ ဧက ၅၀၀၀ ကျော် စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တစ်နိုင်ငံလုံးစိုက်ဧကမှာ ၁၅၀၀၀ ကျော်အထိရှိလာခဲ့ရာ ဧက ၅၀၀၀ ကျော် ရိတ်သိမ်း၍ တန်ချိန် ၁၀၀၀ ကျော် ထွက်ရှိခဲ့ကြောင်းသိရသည်။
မက္ကဒေးမီးယား (Macada-mia) သီးနှံ၏ မူရင်းဒေသမှာ ဩစတြေးလျ (Australia) နိုင်ငံ (Queensland) ဒေသနှင့် (New-south wales) ကမ်းရိုးတန်းဒေသတို့မှဖြစ်ကြောင်း၊ အဆိုပါသီးနှံကို ကိုင်းဆက်စိုက်ပျိုးနည်းစနစ်ဖြင့် စိုက်ပျိုးပါက အပင်သက်တမ်းငါးနှစ်ပြည့်လျှင် စီးပွားဖြစ်ခူးဆွတ်နိုင်မည်ဖြစ်ပြီး အစေ့စိုက်နည်းစနစ်ဖြင့် စိုက်ပျိုးပါက အပင်သက်တမ်းခုနစ်နှစ်၊ ရှစ်နှစ်တွင် စီးပွားဖြစ်စတင်ခူးဆွတ်နိုင်မည်ဖြစ်သည်။
မက္ကဒေးမီးယားသီးနှံသည် သက်တမ်းရှည်အကျိုးခံစားခွင့်ရှိသော သီးနှံတစ်ခုဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် အကျိုးခံစားခွင့် ပိုမိုမြန်ဆန်စေပြီး ပြည်ပဝင်ငွေများရရှိနိုင်သော ပြည်ပပို့ကုန်သီးနှံဖြစ်သည့်အတွက် ရင်းနှီးမြှုပ်နှံစိုက်ပျိုး ထုတ်လုပ်လိုသူတောင်သူများအနေဖြင့် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန (ရုံးချုပ်) နှစ်ရှည်သီးနှံဌာနခွဲထံ ဆွေးနွေးမေးမြန်းနိုင်ကြောင်း သိရသည်။
ကိုပေါက် (ဥက္ကာမြေ)
Newspaper
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၃ ရက် ၊ ဖေဖော်ဝါရီ ၁၄ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ February 14, 2026
Publication Date: 2026
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၂ ရက် ၊ ဖေဖော်ဝါရီ ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ February 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁၁ ရက် ၊ ဖေဖော်ဝါရီ ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ February 12, 2026
Publication Date: 2026
Page: 32 pages
Language: မြန်မာ
DownloadAnnouncement
အထူးကျေးဇူးတင်ရှိကြောင်း အသိပေးထုတ်ပြန်ချက်
Ministry of Information / Posted on February 11, 2026
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ အပိုင်းလိုက်ကျင်းပပြုလုပ်ခဲ့ရာ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ လွတ်လပ်၍ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲတစ်ရပ်အဖြစ် အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
Ministry of Information / Posted on February 11, 2026
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အမည်စာရင်းကြေညာခြင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းနှင့် သတင်းအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူများ လုပ်ငန်းအသိအမှတ်ပြုလက်မှတ် အသစ်လဲလှယ်ရန် အသိပေးကြေညာခြင်း
Ministry of Information / Posted on February 11, 2026
၁။ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းနည်းဥပဒေများ ထွက်ရှိသည့် ၁၀-၁၀-၂၀၁၄ ရက်နေ့မှစ၍ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်းနှင့် သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ်များအား ၅ နှစ် သက်တမ်းခွင့်ပြုပေးခဲ့ပါသည်။
