ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ အကြိမ် (၃၀)မြောက် ညှိနှိုင်းအစည်းအဝေးကျင်းပ


Ministry of Information/ Naypyitaw / February 06, 2026
image_latest


 

နေပြည်တော် ဖေဖော်ဝါရီ ၅

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ အကြိမ် (၃၀)မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်ကျင်းပရာ ပြည်ထောင်စုတရား သူကြီးချုပ်ဦးသာဌေး အမှာစကား ပြောကြားသည်။

ညှိနှိုင်း အစည်းအဝေးသို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ကြပြီး တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း တရားသူကြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားသူကြီးများနှင့် ခရိုင်တရားသူကြီးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ညွှန်ကြားချက်နှင့်အညီလိုက်နာဆောင်ရွက်

အစည်းအဝေးတွင် ပြည်ထောင်စုတရားသူကြီးချုပ်က မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အွန်လိုင်းငွေကြေး လိမ်လည်မှုတိုက်ဖျက်ရေးတို့ကို နိုင်ငံတော်က အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်လျက်ရှိရာ တရားရုံးများအနေဖြင့် တရားစီရင်ရာတွင် ဥပဒေနှင့်အညီ ထိရောက်ဟန့်တားသည့်ပြစ်ဒဏ်များ ချမှတ်ဆောင်ရွက်ကြရန်လိုကြောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကို ပြဋ္ဌာန်းထားပြီးဖြစ်၍ ယင်းဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ တရားရုံးအားလုံးက လိုက်နာစစ်ဆေး စီရင်ကြရန်လိုကြောင်း၊ သီးသန့်တရားရုံးဖြင့် ရုံးထိုင်စစ်ဆေးသည့်အမှုများ၊ ဘဏ်များကစွဲဆိုသည့် အမှုများကိုလည်း ဥပဒေနှင့်အညီ မှန်ကန်မြန်ဆန်စွာ စစ်ဆေးစီရင်ကြရန်လိုကြောင်း၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲခြင်းနှင့် စပ်လျဉ်း၍ ဘဏ္ဍာသိမ်းသက်သေခံယာဉ်များကို သတ်မှတ်အချိန် ကာလအတွင်း အပ်နှံကြရန်နှင့် ကြန့်ကြာမှုမရှိစေရေးဆောင်ရွက်ကြရန်လိုကြောင်း၊ တရားရုံးက ဦးဆောင်သည့် စေ့စပ်ဖြေရှင်းရေးစနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကောင်းမွန်သည့်ရလဒ် ပိုမိုထွက်ပေါ်လာစေရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်နှင့် စေ့စပ်ဖြေရှင်းရေးနှင့် ပတ်သက်ပြီး အသိပညာပေးမှု Raising Awareness များကိုလည်း ဆက်လက်လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း။

ထို့အတူ မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် အသိပညာပေးဆွေးနွေးပွဲများကိုလည်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း၊ ထို့ပြင် မူပိုင်ခွင့်ဆိုင်ရာ၊ အနုညာတစီရင်ဆုံးဖြတ်ခြင်းဆိုင်ရာ၊ လူမွဲခံယူခြင်းဆိုင်ရာ တို့နှင့်စပ်လျဉ်းသည့် ဥပဒေများ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် နိုင်ငံတကာသဘောတူ စာချုပ်များကိုလည်း နားလည်ကျွမ်းကျင်အောင် ဖတ်ရှုလေ့လာ မှတ်သားကြရန် လိုကြောင်း၊ ယနေ့ခေတ်သည် နည်းပညာ ခေတ်ဖြစ်သည်နှင့်အညီ နေ့စဉ်နှင့်အမျှ ပြောင်းလဲတိုးတက်နေသည့် နည်းပညာများကို လေ့လာသိရှိ နားလည်ထားကြရန်လိုကြောင်း၊ သို့မှသာ နည်းပညာကိစ္စရပ်များနှင့်စပ်လျဉ်းသည့် မှုခင်းများမှာ မှန်ကန်စွာ သုံးသပ်ဆုံးဖြတ်နိုင် မည်ဖြစ်ကြောင်း၊ ထို့ပြင် ဖြစ်ပေါ် တိုးတက်ပြောင်းလဲနေသည့် ကမ္ဘာ့အခြေအနေများနှင့် အညီ နိုင်ငံတကာနှင့် ဒေသတွင်းတရားစီရင်ရေးများနှင့် ရင်ပေါင်တန်းနိုင် ရန်အတွက် ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ အားထုတ်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရားရုံးများလက်စွဲအပိုဒ် ၉၉၇ အရ တရားရုံးများ စစ်ဆေးခြင်းကိုလည်း မပျက်မကွက် ပုံမှန်စစ်ဆေးသွားကြရန်နှင့် ရှောင်တခင်စစ်ဆေးခြင်းများကိုလည်း အခါအားလျော်စွာ စစ်ဆေးဆောင်ရွက်သွားကြရန်လိုကြောင်း၊ တရားစီရင်ရေးဆိုင်ရာ မဟာဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇) ၏ စတုတ္ထနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၆) တွင် ချမှတ်ထားသည့် လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ နိုင်ငံခြားသားနှင့် မြန်မာအမျိုးသမီး ထိမ်းမြားလက်ထပ်ပေးသည့် ကိစ္စများတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ လက်ထပ်ထိမ်းမြားမှု တရားဝင်ဖြစ်စေရေး၊ အလွယ်တကူ လက်ထပ်ထိမ်းမြားပေးခြင်းဖြင့် မလိုလားအပ်သော လူကုန်ကူးမှုကဲ့သို့ ဥပဒေပြဿနာများ ပေါ်ပေါက်လာနိုင်သည့် အခြေအနေများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ထိမ်းမြားလက်ထပ်ရာတွင် လိုအပ်သည့် အချက်အလက်များကို ပြည့်စုံမှုရှိ၊ မရှိ သေချာစွာစိစစ်ပြီး ဆောင်ရွက်ကြရန်နှင့် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေအရ ဝိနည်းနှင့်အညီ ထိမ်းမြားလက်ထပ်ရာတွင်လည်း ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

မှုခင်းများ စစ်ဆေးစီရင်ခဲ့မှု နှင့်စပ်လျဉ်းပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ပြည်ထောင်စုတရား လွှတ်တော်ချုပ်နှင့် လက်အောက် တရားရုံးအဆင့်ဆင့်တို့တွင် ရာဇဝတ်အမှု စုစုပေါင်းမှာ စာရင်းဖွင့်လက်ကျန် ၂၄၉၆၃ မှု၊ လက်ခံရရှိမှု ၂၉၆၄၆၉ မှုဖြစ်ပြီး ၃၀၀၈၂၈ မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ ၂၀၆၀၄ မှု ကျန်ရှိ ကြောင်း၊ တရားမအမှုစုစုပေါင်း မှာ စာရင်းဖွင့်လက်ကျန် ၂၉၂၉၉ မှု၊ လက်ခံရရှိမှု ၃၆၈၁၅ မှုဖြစ်ပြီး ၄၁၅၆၃ မှု စစ်ဆေးပြီးပြတ်ကာ စစ်ဆေးဆဲ ၂၄၅၅၁ မှု ကျန်ရှိ ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်း အတာအနေဖြင့် တရားရုံးအဆင့် ဆင့်သို့ စွဲဆိုတင်ပို့သည့်အမှုပေါင်း ၃၃၃၈၂၄ မှု လက်ခံရရှိပြီး ၃၄၂၃၉၁ မှု စစ်ဆေးပြီးပြတ်သဖြင့် အမှုပြီးပြတ်မှုနှုန်းအနေဖြင့် ၁၀၃ ရာခိုင်နှုန်းဖြစ်ကြောင်း၊ တရားစီရင်ရေး မဟာဗျူဟာစီမံကိန်း၏ အမှုပြီးပြတ်မှုလျာထားချက် ပြည့်မီကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ကြောင်းနှင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ အကြိမ် (၃၀)မြောက် ညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၅ ရက် ၊ ဖေဖော်ဝါရီ ၆ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ February 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၄ ရက် ၊ ဖေဖော်ဝါရီ ၅ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ February 04, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

Naypyitaw Development Committee / Posted on February 05, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှ ကြော်ငြာခြင်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း

Naypyitaw Development Committee / Posted on February 02, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ဈေးများဌာနမှ အသိပေးကြော်ငြာခြင်း

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Ministry of Information / Posted on February 04, 2026

တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023