ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံးအဆောက်အအုံသစ်ဖွင့်ပွဲ တက်ရောက်
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံးအဆောက်အအုံသစ်ဖွင့်ပွဲ တက်ရောက်
Ministry of Information/ Naypyitaw / July 24, 2025

နေပြည်တော် ဇူလိုင် ၂၃
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့ အောင်သုခရပ်ကွက်ရှိ ကော့သောင်းခရိုင်နှင့် မြို့နယ်တရားရုံး အဆောက်အအုံသစ်ဖွင့်ပွဲသို့ တက်ရောက်သည်။
ဖွင့်လှစ်
ဖွင့်ပွဲတွင် အဆောက်အအုံသစ်ကို ပြည်ထောင်စုတရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ပြည်ထောင်စုတရားသူကြီးချုပ်က ကော့သောင်းခရိုင် တရားရုံးနှင့် ကော့သောင်းမြို့နယ်တရားရုံး ဆိုင်းဘုတ်အား စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုတရားသူကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကြသည်။
ယင်းနောက် နောင်ရိုးမြန်မာဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာက ရုံးအဆောက်အအုံနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရုံးအဆောက်အအုံနှင့်စပ်လျဉ်းသည့် စာရွက်စာတမ်းများကို တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်ထံသို့ လွှဲပြောင်းပေးအပ်သည်။
ဖွင့်ပွဲအပြီးတွင် ပြည်ထောင်စုတရားသူကြီးချုပ်သည် အဆောက်အအုံသစ်အတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်းလဆန်း ၁ ရက် ၊ ဇူလိုင် ၂၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ July 25, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလကွယ်နေ့ ၊ ဇူလိုင် ၂၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ July 24, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
အများပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on July 24, 2025
အများပြည်သူသို့ အသိပေးကြေညာချက်
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on July 23, 2025
ပြည်နယ်တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန်ပေးခြင်း
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း
Ministry of Information / Posted on July 23, 2025
ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ခန့်အပ်တာဝန်ပေးခြင်း