ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ အာဟာရသုခဈေး၌ ဈေးဆိုင်ခန်းများ မီးလောင်မှု

Ministry of Home Affairs/ နေပြည်တော် / February 27, 2026

      ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက် ည ၈ နာရီ ၄၆ မိနစ်ခန့်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ကင်ပွန်းတန်းကျေးရွာရှိ အာဟာရသုခဈေးအတွင်း၌ ဈေးရုံ အမှတ်(ဂ) လျှောက်လမ်းတွင် ထွန်းထားသည့် လုံခြုံရေး(LED)မီးသီး အပူလွန်ကဲရာမှ အနီးရှိ ဆိုင်ခန်းအမှတ်(၇၄)တွင် ပစ္စည်းများအုပ်ထားသည့် မိုးကာပေါ်သို့ မီးပွားကျပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၂၀ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။ 
      အဆိုပါမီးလောင်မှုကြောင့် ၆ x ၆ ပေ၊ သွပ်မိုး၊ မြေစိုက် တစ်ထပ် ဆိုင်ခန်း ၂၄၀ ခန်းနှင့် ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်ခန်းအမှတ်(၇၄)ပိုင်ရှင် ဦးသိန်းဟန် အား ပျဉ်းမနားမြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။

Publisher: မြန်မာ့အလင်း/ February 27, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။

Publisher: မြန်မာ့အလင်း/ February 26, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ February 25, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ပါ ရာထူးတွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန် ဖုန်းနံပါတ်များ

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

Union Civil Service Board / Posted on February 27, 2026

ကြော်ငြာစာအမှတ်(၁/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း( ၂၄ )ခုမှ လစ်လပ်လျက်ရှိသော ရာထူးနေရာများအတွက် ကြော်ငြာခေါ်ယူခြင်း

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Ministry of Information / Posted on February 26, 2026

အခွန်အယူခံခုံအဖွဲ့ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

Video