ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ FIFA နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ FIFA နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်
Ministry of Information/ Naypyitaw / October 14, 2024

ရန်ကုန် အောက်တိုဘာ ၁၃
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် FIFA နိုင်ငံတကာ ချစ်ကြည်ရေးခြေစမ်းပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအမျိုးသားလက်ရွေးစင်ဘောလုံးအသင်းနှင့် တွေ့ဆုံ၍ မိမိနိုင်ငံနှင့် မိမိလူမျိုးတို့၏ ဂုဏ်သိက္ခာအတွက် ချစ်ကြည်ရေးခြေစမ်းပွဲကို တွန်းတွန်းတိုက်တိုက် အောင်မြင်အောင် ကြိုးစားကြရန် အားပေးစကားပြောကြားသည်။
ကြည့်ရှုအားပေး
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံအမတ်ကြီး H.E Ms Prabashini Ponnamperuma ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များသည် FIFA နိုင်ငံတကာချစ်ကြည်ရေးခြေစမ်းပွဲ၊ ဒုတိယပွဲသို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။
မြန်မာအမျိုးသား လက်ရွေးစင်ဘောလုံးအသင်းနှင့် သီရိလင်္ကာလက်ရွေးစင်ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပြိုင်ပွဲအပြီးတွင် ဂိုးမရှိသရေ ရလဒ်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၂ ရက်၊ ဧပြီ ၂၈ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁ ရက်၊ ဧပြီ ၂၇ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၆ ခုနှစ်၊ တန်ခူးလကွယ်နေ့၊ ဧပြီ ၂၆ ရက်၊ စနေနေ့။
Announcement
အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
Ministry of Information / Posted on April 28, 2025
အိတ်ဖွင့်တင်ဒါ ခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၅ / ၂၀၂၅
Ministry of Information / Posted on April 27, 2025
အများပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on April 27, 2025
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကော်မရှင်အပါအဝင် ပြည်ထောင်စုဝန်ကြီးဌာန/အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါသည်။