ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးကာ ထောက်ပံ့ငွေပေးအပ်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 09, 2025
image_latest


နေပြည်တော် မေ ၈

၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင် စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံအားပေးခြင်းနှင့် ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် စက်မှုဝန်ကြီးဌာန ရုံးအမှတ်(၃၀)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ၊ စက်မှုဝန်ကြီးဌာန ဝန်ထမ်းများ၏ သား/သမီးများအနက် နေပြည်တော်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စက်မှုဝန်ကြီးဌာနမှ ပြန်လည်ဖြေဆိုရမည့် ကျောင်းသား ကျောင်းသူ ၁၂၁ ဦး ရှိကြောင်း၊ နေပြည်တော်တွင် ၃၄ ဦး၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၂ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၂ ဦး၊ ကချင်ပြည်နယ်တွင် သုံးဦးဖြစ်ကြောင်း၊ မိမိတို့ဝန်ထမ်းသားသမီးများအားလုံး ရာနှုန်းပြည့်ပြန်လည်ဖြေဆိုကြရန်နှင့် အောင်ချက်မြင့်မားရေးအတွက် မိဘများနှင့် ဌာနအကြီးအကဲများက လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူ ၁၂၁ ဦးကို တစ်ဦးလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း။

အနာဂတ်မျိုးဆက်သစ်များ၏ ပညာအရည်အသွေးတိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်အစိုးရက အဘက်ဘက်က ဖြည့်ဆည်းဆောင်ရွက်ပေးနေသကဲ့သို့ မိမိတို့ ဝန်ကြီးဌာနအနေဖြင့်လည်း တတ်စွမ်းသရွေ့ ကူညီပံ့ပိုးပေးလျက်ရှိကြောင်း၊ ကျောင်းသား ကျောင်းသူများအားလုံး ယခုပြန်လည်ဖြေဆိုရမည်ကို အထူးအခွင့်အရေးတစ်ရပ်အနေဖြင့် သဘောထားပြီး အဆင့်မြင့်မြင့်အောင်မြင်မှုရှိစေရန်အတွက် အားသွန်ခွန်စိုက်ကြိုးစား၍ ပြန်လည်ဖြေဆိုကြရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်မှ အားကိုးအားထားပြုရသည့် မောင်မယ်များဖြစ်အောင်ကြိုးစားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူတစ်ဦးချင်းစီအား ထောက်ပံ့ငွေများကို ချီးမြှင့်ပေးအပ်ခဲ့ပြီး ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။ အခြားတိုင်းဒေသကြီး/ ပြည်နယ်များရှိ စက်မှုဝန်ကြီးဌာန ဝန်ထမ်းသားသမီးများမှ တက္ကသိုလ်ဝင်စာမေးပွဲပြန်လည်ဖြေဆိုမည့် ကျောင်းသား ကျောင်းသူများအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာဦးစီးလုပ်ငန်းများမှတစ်ဆင့် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

သတင်းစာများ

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၃ ရက်၊ မေ ၉ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 09, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၂ ရက်၊ မေ ၈ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 08, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက်၊ မေ ၇ ရက်၊ ဗုဒ္ဓဟူးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ May 07, 2025

ထုတ်ဝေသည့်နေ့ : 2025

စာမျက်နှာ: 32 Pages

ဘာသာစကား: မြန်မာ

Download

ကြေငြာချက်များ

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

နိုင်ငံခြားရေးဝန်ကြီးဌာန / Posted on May 09, 2025

သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on May 03, 2025

မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအား‌ရောင်းချပေးမည်။

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023