ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးနည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ်(မန္တလေး)တို့ကိုကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် မန္တလေးနည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ်(မန္တလေး)တို့ကိုကြည့်ရှုစစ်ဆေး
Ministry of Science and Technology/ Nay Pyi Taw / May 08, 2025
နေပြည်တော် မေ ၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် မေ ၇ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးနည်းပညာတက္ကသိုလ်နှင့် အစိုးရနည်းပညာကောလိပ် (မန္တလေး)သို့ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများနှင့် အတူ မန္တလေးနည်းပညာတက္ကသိုလ် သို့ရောက်ရှိရာ တာဝန်ခံပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ၊ဆရာမ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တက္ကသိုလ်များ အနေဖြင့် အရည်အသွေးပြည့်ဝ သော လူ့စွမ်းအား အရင်းအမြစ်များ ပြုစုပျိုးထောင်ပေးရန်နှင့် နိုင်ငံတော်အတွက် လိုအပ်သော နည်းပညာများ ဖွံ့ဖြိုးတိုးတတ်ရေးကို ထောက်ပံ့ဆောင်ရွက်ပေးရန် အဓိက အရေးကြီးပါကြောင်း၊ Digital ခေတ်၊ ICT ခေတ်၊ AI ခေတ် ဖြစ်သည့်အတွက် ခေတ်ကာလ လိုအပ်ချက်နှင့်ကိုက်ညီသော လူ့စွမ်းအား အရင်းအမြစ်များ၊ ကျင့်ဝတ်သိက္ခာနှင့် ပြည့်စုံသော အင်ဂျင်နီယာပညာရှင်များ၊ ဗိသုကာပညာရှင်များ မွေးထုတ်ပေးရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားပါသည်။
ဆက်လက်၍ မန္တလေးငလျင်ကြီး လှုပ်ခတ်မှုကြောင့် ထိခိုက်မှုများဖြစ်ပေါ်ခဲ့သော ပင်မစာသင်ဆောင်၊ အလုပ်ရုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းသား၊ကျောင်းသူဆောင်များအား အကြီးစားပြုပြင်ရန် လိုအပ်မှု အခြေအနေများ၊ သာမန်အဆင့် ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်မှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ ဇွန်လဆန်းတွင် တက္ကသိုလ်များ ပြန်လည် ဖွင့်လှစ်နိုင်ရေး စာသင်ခန်းများ၊ ကွန်ပျူတာခန်းများနှင့် Lab ခန်းများ၊ အလုပ်ရုံများ အဆင်သင့် ဖြစ်စေနိုင်ရေးနှင့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြား နိုင်ရေး၊ သင်ကြားသင်ယူမှုဝန်းကျင်ကောင်းများ ဖြစ်စေရေး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက် ပေးပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ အစိုးရနည်းပညာကောလိပ် (မန္တလေး)သို့ ရောက်ရှိပြီး ငလျင်ဒဏ်သင့် ပင်မဆောင်၊ အလုပ်ရုံနှင့်ကျောင်းသား၊ ကျောင်းသူ အိပ်ဆောင်များကို သွားရောက်ကြည့်ရှုစစ်ဆေးကာ အဆောက်အဦ ကြံ့ခိုင်မှုဆိုင်ရာ အကဲဖြတ် ဆန်းစစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပြီးချိန်တွင် သာမန်အဆင့် ထိခိုက်ပျက်စီးမှုနှင့် ပြုပြင်ထိန်းသိမ်းရန် လိုအပ်မှုအခြေအနေများ၊ အကြီးစားပြုပြင်ရန် လိုအပ်မှုအခြေအနေများကို ဆောင်ရွက်ရန်၊ ဇွန်လတွင်ကျောင်းဖွင့်ချိန်၌ ကျောင်းလုပ်ငန်းများ အဆင်ပြေပြေ ဆောင်ရွက်နိုင်အောင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လတ်တလောပြုပြင်ရေး လုပ်ငန်းများကို သတ်မှတ်ကာလအတွင်း ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး၊ ရေရှည်တွင် ငလျင်ဒဏ်ကို ကြံ့ကြံ့ခံနိုင်ရေးနှင့် ထိခိုက်မှု လျော့နည်းအောင် ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
Newspaper

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၁၃ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁၂ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ မေ ၁၁ ရက်၊ တနင်္ဂနွေနေ့။
Announcement
ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းအဆင့်ဆင့် (Standard Operating Procedure – SOP)
Ministry of Construction / Posted on May 13, 2025
Travel Advisory (1/2025)
Ministry of Hotel & Tourism / Posted on May 12, 2025
ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
Ministry of Hotel & Tourism / Posted on May 12, 2025