ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ဝန်ထမ်းများ ပြောင်းရွှေ့နေထိုင်နိုင်ရေး ယာယီဘာရှာလိုင်းခန်းများတည်ဆောက်နေမှုနှင့် ပျဉ်းမနားမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ရေးကွင်းဆင်းစစ်ဆေး


Ministry of Cooperatives and Rural Development/ Naypyitaw / May 12, 2025
image_latest


နေပြည်တော် မေ ၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည်  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက ပျဉ်းမနားမြို့နယ်၊ မြောက်လွှတ်ကုန်း သင်တန်းသားအိပ်ဆောင်ဝန်းနှင့် သိုလှောင်ရုံးဝန်းတို့အတွင် ယာယီဘာရှာလိုင်းခန်းများ တည်ဆောက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု ရှင်းလင်း တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ရေ၊ မီး၊ မိလ္လာစနစ်များအပါအဝင် ဘာရှာများအား အမြန်ဆုံး ပြီးစီးအောင်ဆောင်ရွက်သွားရန်နှင့် ဆောင်ရွက်ပြီးပါက အမြန်ဆုံး ပြောင်းရွှေ့နေရာချထားပေးရန် ဆွေးနွေးမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပျဉ်းမနားရိပ်သာဝန်းသို့ သွားရောက်၍ ဝန်ထမ်းများ ယာယီပြောင်းရွှေ့နေထိုင်နေမှုများကို ကြည့်ရှု စစ်ဆေးရာ ပြည်ထောင်စုဝန်ကြီးက တာဝန်ရှိသူများအား စနစ်တကျ နေရာချထားပေးရန်နှင့် ဝန်ထမ်းများအနေဖြင့်လည်း အိပ်ဆောင်ပတ်ဝန်းကျင် သန့်ရှင်းမှုရှိစေရေး အမြဲမပြတ်ဆောင်ရွက် သွားရန် ဆွေးနွေးမှာကြားသည်။

ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပျဉ်းမနားမြို့နယ်၊ သစ်စိမ့်ပင်ကျေးရွာသို့ သွားရောက်ပြီး ကျေးရွာယာယီရှင်းလင်းဆောင်၌ သစ်ဆိမ့်ပင်ကျေးရွာ၊ ပေါစံခေါ့ကျေးရွာနှင့် နှမ်းတောကျေးရွာတို့မှ စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း အမှုဆောင်များ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ၊ နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ လူမှုစီးပွားမြှင့်တင်ရေးစီမံကိန်းတို့ဖြင့် နွေစပါး စိုက်ပျိုးထားသော အသင်းသားတောင်သူများနှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက နွေစပါး၊ မိုးစပါး စိုက်ပျိုးရာတွင် သတ်မှတ်ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ဆောင်ရမည့် စိုက်ပျိုးရေးလုပ်ငန်းစဉ် များကို စနစ်တကျ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိသူများ လိုအပ်သည့် မျိုး နှင့် သွင်းအားစုများ အချိန်မီရရှိရေး ဆောင်ရွက်ပေးသွားရန်နှင့် လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပုဗ္ဗသီရိမြို့နယ်၊ ကြံဖိုစုကျေးရွာရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ် လုပ်ငန်းများဖန်တီးပေးနိုင်ရေး နှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် အပ်ချုပ်စက်သင်တန်းဆင်းသူ များအနက်မှ လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးထားသူများ၏ မဆွေအပ်ချုပ်ဆိုင် အား ကြည့်ရှု အားပေးပြီးနောက် ပြည်ထောင်စုဝန်ကြီးက  လုပ်ငန်းများ ပိုမိုအောင်မြင်စေရေး တစ်ဦးတစ်ယောက် ချင်း မဟုတ်ဘဲ စုပေါင်းဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်းသတင်းရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ June 02, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ June 01, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 31, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

NOTICE TO FILE INCOME TAX RETURN,ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN

Ministry of Planning and Finance / Posted on May 27, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Ministry of Transport and Communications / Posted on May 22, 2025

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ရေဒီယိုလှိုင်းနှုန်းစဉ်တိုင်းတာရေးစခန်း (နေပြည်တော်) တွင် အသုံးပြုမည့် စက်ပစ္စည်းများဝယ်ယူခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023