ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကွင်းဆင်းစစ်ဆေး


Ministry of Education/ Yangon / July 18, 2025


နေပြည်တော် ၂၀၂၅ ဇူလိုင် ၁၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ပဲခူးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်သို့ရောက်ရှိပြီး တက္ကသိုလ်ဝင်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံကာ ဆရာ ဆရာမများအနေဖြင့် ဘာသာရပ်ဆိုင်ရာအလိုက် မိမိတို့၏ အရည်အသွေးများ တိုးတက်စေရေး၊ တက္ကသိုလ်၏ အသက်သွေးကြောဖြစ်သော သုတေသနလုပ်ငန်းများ တိုးတက်ရေး ကိုလည်း ကြိုးပမ်းဆောင်ရွက် ကြစေလိုကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်လျက်ရှိသည်များကိုလည်း ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ဆွေးနွေးပြောကြားပြီး တင်ပြချက်များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးပညာရေးဒီဂရီ ကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံ၍ သင်တန်းသား သင်တန်းသူများအနေဖြင့် ဆရာ ဆရာမများ ဖြစ်လာကြမည့် သူများဖြစ်၍ အနာဂတ်၏ ပဲ့ကိုင်ရှင်များဖြစ်ကြောင်း၊ ဆရာ ဆရာမများ ဖြစ်လာပါက စည်းကမ်းပြည့်ဝသော အမှန်တကယ် တတ်မြောက်သူများဖြစ်စေရန် စေတနာအပြည့်ထား၍ သင်ကြားပေးကြစေလို ကြောင်း၊ ကျောင်းသားများကို လိမ္မာယဉ်ကျေးအောင်၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိအောင် သင်ကြား ပေးစေလိုကြောင်း ပြောကြားသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်း၊ ပဲခူးမြို့ စာလေးကွင်းအခြေခံပညာ အထက်တန်းကျောင်း၊ ဘုရားသုံးဆူ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)၊ ပဲခူးမြို့ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) များသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာလှပရေး၊ ကျောင်းအုတ်တံတိုင်း ခြံစည်းရိုးများ လုံခြုံမှုရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ စာသင်ဆောင်အသစ်များ ဆောက်လုပ်မည့် မြေနေရာရွေးချယ် ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အငြိမ်းစားလစာထုတ်ယူမှုအတွက် အသိပေးကြေညာခြင်း

Ministry of Planning and Finance / Posted on July 22, 2025

အငြိမ်းစားမိဘပြည်သူများ အငြိမ်းစားလစာထုတ်ယူမှုအတွက် အသိပေးကြေညာခြင်း

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on July 23, 2025

မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ချိတ်ဆက်၍ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023