ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များ လှည့်လည်ကြည့်ရှုစစ်ဆေး


Ministry of Education/ Naypyitaw / July 19, 2025


ရန်ကုန် ၂၀၂၅ ဇူလိုင် ၁၉

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသို့ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပါရဂူတန်းဖွင့်လှစ်ရန်ကျန်ရှိသည့် ဘာသာရပ်များအနေဖြင့် လာမည့်စာသင်နှစ်များတွင် ပါရဂူတန်းများ ဖွင့်လှစ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် သင်ကြားရေး ဆရာ ဆရာမများ၊ ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများနှင့် လိုအပ်သည့် စက်ပစ္စည်းများကို ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ သိပ္ပံဌာနများအနေဖြင့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ ဘွဲ့လွန်ကျောင်းသားများ၊ ဘွဲ့ကြိုကျောင်းသားများအနေဖြင့် သုတေသနလုပ်ငန်းများ၊ စုပေါင်း project များ ဆောင်ရွက်ရာတွင် အားလုံးတက်ကြွစွာ ပါဝင်ဆောင်ရွက်စေရေး၊ ပါမောက္ခများ အနေဖြင့် ကြီးကြပ်ဆောင်ရွက် ကြစေလိုကြောင်းပြောကြားကာ တက်ရောက်လာကြသည့် ဌာနအလိုက် ပါမောက္ခဌာနမှူးများ၏ တင်ပြချက်များကို ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကင်းပညာရေး ဒီဂရီကောလိပ်၊ သင်္ဃန်းကျွန်းပညာရေး ဒီဂရီကောလိပ်သို့သွားရောက်ပြီး ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့်တွေ့ဆုံ၍ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံပညာကဏ္ဍ တိုးတက်ရေးသည် အဓိကအရေးကြီးပါကြောင်း၊ သင်တန်းသား သင်တန်းသူ များသည် အဓိကနေရာမှ ပါဝင်ဆောင်ရွက်ကြရမည့် ဆရာ ဆရာမလောင်းများ ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများဖြစ်လာပါက စာသင်ကြားရာတွင် အပြုအမူ၊ အပြောအဆို၊ စိတ်ဓာတ် စည်းကမ်းမှစ၍ စံပြဆရာ ဆရာမများဖြစ်ရန် လိုအပ်ပါကြောင်း၊ မိမိတို့၏ ကျောင်းသား ကျောင်းသူများအား ပညာရေး ထူးချွန်ရုံသာမက လိမ္မာယဉ်ကျေးပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် အပြည့်ရှိရန်နှင့် ယဉ်ကျေးမှု ဓလေ့များကို တန်ဖိုးထားတတ်စေရန် လေ့ကျင့်သင်ကြားပေး ရမည်ဖြစ်ပါကြောင်း၊ နောက်ဆုံးနှစ် ကျောင်းသား ကျောင်းသူများအနေဖြင့် မကြာခင် သင်ကြားရေးတာဝန်များ ထမ်းဆောင်ကြမည့် နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း ပြောကြားကာ သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရသည်။

Newspaper

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၄ ရက်၊ ဇူလိုင် ၂၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ July 23, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၃ ရက်၊ ဇူလိုင် ၂၂ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ July 22, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁၂ ရက်၊ ဇူလိုင် ၂၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ July 21, 2025

Publication Date: 2025

Page: 32

Language: မြန်မာ

Download

Announcement

အငြိမ်းစားလစာထုတ်ယူမှုအတွက် အသိပေးကြေညာခြင်း

Ministry of Planning and Finance / Posted on July 22, 2025

အငြိမ်းစားမိဘပြည်သူများ အငြိမ်းစားလစာထုတ်ယူမှုအတွက် အသိပေးကြေညာခြင်း

အများပြည်သူသို့ အသိပေးကြေညာချက်

Ministry of Information / Posted on July 23, 2025

မြန်မာ့စီးပွားရေးဘဏ်များတွင် ပင်စင်လစာထုတ်ယူလျက်ရှိသော နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် ပင်စင်လစာထုတ်ယူရာ၌ လူပုဂ္ဂိုလ်စိစစ်မှုအား တိကျမှန်ကန်မြန်ဆန်စေရေးအတွက် မြန်မာ့စီးပွားရေးဘဏ်၏ Centralized e-Pension စနစ်နှင့်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၏ e-ID စနစ်တို့ချိတ်ဆက်၍ ခေတ်မီနည်းပညာအသုံးပြု စိစစ်ဆောင်ရွက်နိုင်ရန်...

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023