ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော် ဟိုတယ်ဇုန် (၁) အတွင်းရှိ ဟိုတယ်များအား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နေပြည်တော် ဟိုတယ်ဇုန် (၁) အတွင်းရှိ ဟိုတယ်များအား ကြည့်ရှုစစ်ဆေး
Ministry of Hotel & Tourism/ နေပြည်တော် / August 13, 2025

နေပြည်တော်၊ ဩဂုတ်လ(၁၂)ရက်
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်သည် ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၊ တာဝန်ရှိသူ များနှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်၊ ဟိုတယ်ဇုန်(၁) ရာဇသင်္ဂဟလမ်းမကြီးရှိ ဟိုတယ်များ သန့်ရှင်းသာယာလှပရေး ဆောင်ရွက် ထားရှိမှု၊ မန္တလေးမြေငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးမှုများ ပြုပြင်မွမ်းမံ ဆောင်ရွက်နေမှုနှင့် ဧည့်သည်လက်ခံ၍ ဝန်ဆောင်မှုပေးနေမှုအခြေအနေများကို ကြည့်ရှု စစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဟိုတယ်များ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်း၍ မြင်ကွင်းပသာဒကောင်းမွန်အောင် ဆောင်ရွက်ကြရန်၊ ဟိုတယ်အခန်းများအတွင်း ဧည့်သည်အသုံးအဆောင်ပစ္စည်းများ အတွင်းဧည့်သည်အသုံးအဆောင်ပစ္စည်းများပြည့်စုံအောင် စီစဉ်ထားရှိရန်၊ အရေးပေါ်ထွက်ပေါက်ပြ သတိပေး ဖော်ပြချက်များ မြင်သာသည့်နေရာတွင် ထားရှိရန်၊ ဧည့်သည်များအား အရည်အသွေးကောင်းသော ဝန်ဆောင်မှုပေးနိုင်ရေး ကြပ်မတ် ဆောင်ရွက်ရန်၊ ဟိုတယ်များအနေဖြင့် ပြန်လည်တည်ဆောက်ပြုပြင်ရာတွင် ဘေးအန္တရာယ် ကင်းရှင်းရေးကို အထူးဂရုပြုဆောင်ရွက်ကြရန် မှာကြားပြီး ဟိုတယ်ဝင်းအတွင်း နေရောင်ခြည် စွမ်းအင်သုံးဆိုလာ စနစ်တပ်ဆက်သုံးစွဲနိုင်ရေး ပြင်ဆင်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
Source From; keymonNewspaper

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၆ ရက် ၊ သြဂုတ် ၁၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ August 14, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၅ ရက် ၊ သြဂုတ် ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် ၄ ရက် ၊ သြဂုတ် ၁၂ ရက်၊ အင်္ဂါနေ့။
Announcement
မြန်မာနိုင်ငံပြန်တမ်း
Ministry of Information / Posted on August 13, 2025
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းထွေးကို သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ဝတ္တရားများကို စတင်ဆောင်ရွက်သည့်နေ့မှစ၍ ပြောင်းရွှေ့ခန့်ထားလိုက်သည်။
နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း
Naypyitaw Development Committee / Posted on August 12, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု) မှအသိပေးကြေညာခြင်း
သတင်းထုတ်ပြန်ချက်
Ministry of Information / Posted on August 09, 2025
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ယာယီသမ္မတ ဦးမြင့်ဆွေသည် ၇-၈-၂၀၂၅ ရက်နေ့တွင် ကွယ်လွန်ခဲ့သည့်အတွက် ဝမ်းနည်းကြောင်းမှတ်တမ်းစာအုပ်ကို ရန်ကုန်မြို့၊ စကားဝါလမ်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ၈-၈-၂၀၂၅ ရက်နေ့မှစတင်၍ ဖွင့်လှစ်ထားရာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများက ဝမ်းနည်းကြောင်း လာရောက်လက်မှတ်ရေးထိုးခဲ့ကြသည်။