ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံနှင့် ကြိမ်၊ ဝါး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၊ သစ်အခြေခံ ပရိဘောဂစက်ရုံများအား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံနှင့် ကြိမ်၊ ဝါး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၊ သစ်အခြေခံ ပရိဘောဂစက်ရုံများအား ကြည့်ရှုစစ်ဆေး
Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / September 05, 2025
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၅-၉-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ်ရှိ သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းရုံး အစည်းအဝေးခန်းမတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကြိမ်၊ ဝါး အချောထည်လုပ်ငန်းရှင်များ၊ သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို သဘာဝတောများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စိုက်ခင်းများမှ ဖြည့်ဆည်း ပေးလျက်ရှိကြောင်း၊ အလားတူ ဝါးနှင့် ကြိမ်လုပ်ငန်းများအတွက် သဘာဝတောများမှ နှစ်စဉ် ထုတ်လုပ်နိုင်သော ဝါးလုံးရေ ၃၁၈ သန်းနှင့် ကြိမ်လုံးရေ ၇၇ သန်း ရှိပြီး ပုဂ္ဂလိက ဝါးစိုက်ခင်းများ တည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း၊ စျေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သစ်၊ ဝါး၊ ကြိမ် အချောထည်များကို နည်းပညာအသုံးပြု၍ တိုးမြှင့်ထုတ်လုပ် တင်ပို့နိုင်ပါက အလုပ်အကိုင်အခွင့်အရေးများ ပိုမိုရရှိစေမည့်အပြင် နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အထောက်အကူပြုစေမှာဖြစ်ကြောင်း၊ သစ်အခြေခံနှင့် ကြိမ်၊ ဝါး အချောထည် လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရန် ပုဂ္ဂလိကအခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ ကုန်ကြမ်းရရှိရေး၊ ထုတ်လုပ်သည့် အချောထည်များ ပြည်တွင်း၊ ပြည်ပ စျေးကွက်ရရှိရေး၊ ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေ ချောမွေ့မှု ရှိစေရေးအတွက် ဌာနနှင့် လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် တက်ရောက်လာသော လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် စျေးကွက်အခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တာဝန်ရှိသူများ၏ ဖြည့်စွက် တင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
နေ့လယ်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် သန်လျင်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း၊ အမှတ် (၃) ပရိဘောဂစက်ရုံသို့ရောက်ရှိရာ စက်ရုံရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက သစ်အခြေခံ စက်ရုံများ၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သစ်လုပ်ငန်းအနေဖြင့် တန်ဖိုးမြှင့် သစ်အချောထည်များထုတ်လုပ်ပြီး ပြည်တွင်း၊ ပြည်ပစျေးကွက်များ ရှာဖွေ၍ ရငွေလျာထားချက် ပြည့်မီအောင် ကြိုးပမ်းဆောင်ရွက် သွားရန် မှာကြားပြီး စက်ရုံအတွင်း တန်ဖိုးမြှင့်ခွဲသားများ ထုတ်လုပ်နေမှု အခြေအနေအား ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၁) ပရိဘောဂစက်ရုံနှင့် အမှတ် (၂) ပရိဘောဂစက်ရုံများသို့ သွားရောက်၍ တန်ဖိုးမြှင့်ခွဲသား၊ ကြမ်းခင်းတုံးနှင့် အိမ်သုံး၊ ရုံးသုံး ပရိဘောဂ အချောထည်များ ထုတ်လုပ်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားခဲ့သည်။
Newspaper

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်နေ့ ၊ စက်တင်ဘာ ၆ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ September 06, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၄ ရက် ၊ စက်တင်ဘာ ၅ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ September 05, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ September 04, 2025
Publication Date: 2025
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Naypyitaw Development Committee / Posted on September 04, 2025
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း/တံတား)မှ အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
တင်ဒါအောင်မြင်ကြောင်း ကြေညာခြင်း
Ministry of Information / Posted on September 05, 2025
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနအတွက် ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရုံးသုံး/ လုပ်ငန်းသုံးပရိဘောဂပစ္စည်း (၂၉) မျိုးမှ ပစ္စည်း (၂၃)မျိုးအား ဝယ်ယူရန် ပြည်တွင်း/ပြည်ပ ပစ္စည်းများ ဝယ်ယူရေးနှင့်ထုခွဲရောင်းချရေးကော်မတီမှ (၁၄-၈-၂ဝ၂၅) ရက် နံနက် (၁ဝ : ဝဝ) နာရီတွင် စိစစ်ခဲ့သည့် ဈေးနှုန်းများအနက် အနည်းဆုံးပေးသွင်းသည့် အောက်ပါကုမ္ပဏီများမှ ယှဉ်တွဲပါဈေးနှုန်း၊...
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)
Ministry of Information / Posted on September 05, 2025
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၈-၂၀၂၅)