ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်းရှိ စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေး
Ministry of Information/ Naypyitaw / December 22, 2025
နေပြည်တော် ဒီဇင်ဘာ ၂၁
စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ယနေ့တွင် ပြည်ရေနံမြေအစည်းအဝေးခန်းမတွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းလက်အောက်ရှိ ပြည်ရေနံမြေမှ အရာထမ်း၊ အမှုထမ်းများ၊ ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနလက်အောက်ရှိ ပဲခူးတိုင်းဒေသကြီး ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၊ ပဲခူးမြို့၏ ပြည်ရုံးခွဲ၌ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ပြည်ရေနံမြေအထွေထွေမန်နေဂျာက ပြည်ရေနံမြေ၊ မြန်အောင်-ရွှေပြည်သာရေနံမြေနှင့် ပန်းတောင်းဒေသတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ အထွက်တိုးစေရေး သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြည်ရေနံမြေဒေသသည် အစဉ်အလာကောင်းခဲ့သည့် ရေနံမြေဟောင်းတစ်ခုဖြစ်ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့ နှစ်မျိုးလုံးထွက်ရှိသည့် ရေနံမြေတစ်ခုဖြစ်ပါကြောင်း၊ ယခုအခါ ရေနံနှင့်သဘာဝဓာတ်ငွေ့ အထွက်တိုးစေရေးအတွက် သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း။
မှာကြား
ပြည်ရေနံမြေသည် သဘောသဘာဝအရ ထုတ်ယူသုံးစွဲချိန် ကြာမြင့်လာသည့်နှင့်အမျှ အထွက်နှုန်းကျဆင်းလာသော်လည်း နိုင်ငံတကာတွင် နည်းပညာကိုအသုံးပြု၍ ရေနံမြေဟောင်းများမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များ ဆက်လက်ထုတ်ယူနိုင်သည်ကို တွေ့ရှိရသည့်အတွက် အတုယူအားကျပြီး ကြိုးစားဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ပြည်သူလူထုအား ထိခိုက်နစ်နာမှုမရှိစေရေးအတွက် မိမိတို့ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များကို စေတနာထားပြီး ကြိုးပမ်းဆောင်ရွက်သွားရန်လိုအပ်ပါကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ စားဝတ်နေရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ December 22, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ December 21, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ December 20, 2025
Publication Date: 2025
Page: 32
Language: မြန်မာ
DownloadAnnouncement
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
Ministry of Cooperatives and Rural Development / Posted on December 18, 2025
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု (၁၉-၁၂-၂၀၂၅)
Ministry of Sports and Youth Affairs / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
Ministry of Information / Posted on December 20, 2025
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
