ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ကျိုင်းတုံခရိုင်အတွင်းရှိ MSME များ ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 20, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၉

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုးနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ကျိုင်းတုံခရိုင် ဝမ်ဟကျေးရွာရှိ အုတ်အမိုးပြား ထုတ်လုပ်ရေးလုပ်ငန်းသို့ရောက်ရှိပြီး အုတ်အမိုးပြားများ ထုတ်လုပ်မှုနည်းစဉ်အဆင့်ဆင့်တို့ကို လှည့်လည်အားပေးကြည့်ရှုသည်။

ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက ဝန်ကြီးဌာနအနေဖြင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာရရှိရေး၊ ငွေကြေးအရင်းအနှီးရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဈေးကွက်ရရှိရေးတို့ကို ဆက်စပ်ဝန်ကြီးဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထုတ်ကုန်များ အရည်အသွေးပြည့်မီအောင် ထုတ်လုပ်နိုင်ရန်အတွက် မိရိုးဖလာလုပ်ငန်းများမှသည် ခေတ်မီနည်းပညာများကိုအသုံးပြုသည့် ထုတ်လုပ်မှုလုပ်ငန်းများဖြစ်အောင် ကူညီဖြည့်ဆည်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း။

ကုန်ထုတ်လုပ်မှုလုပ်ငန်းများသည် ဈေးကွက်ရှိမှသာ ရေရှည်ရပ်တည်လည်ပတ်နိုင်မည်ဖြစ်၍ အရည်အသွေးကောင်းမွန်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်တိုင်းတွင် သတ်မှတ်အရည်အသွေး များရရှိစေရေး စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ဈေးကွက်ကို မျက်ခြည်မပြတ်လေ့လာ၍ ဈေးကွက်မှတောင်းဆိုသည့်အတိုင်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးတစ်သတ်မတ်တည်းရှိစေရေးအတွက် အရည်အသွေးထိန်းသိမ်းသည့် လုပ်ငန်းစဉ်များကိုလည်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့သည် ကျိုင်းတုံခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အုတ်အမိုးပြားထုတ်လုပ်သည့်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးညှိနှိုင်းသည်။      

ဆွေးနွေးညှိနှိုင်းစဉ် ပြည်ထောင်စုဝန်ကြီးက MSME များ ဖွံ့ဖြိုးတိုးတက်မှသာ ပြည်နယ်နှင့် နိုင်ငံတော်၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) မြင့်တက်လာမည့်အပြင် ပြည်ပမှတင်သွင်းရမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင် ပြည်နယ်အတွင်းရှိ ပြည်သူများအလုပ်အကိုင်ရရှိ၍ ဝင်ငွေတိုးတက်လာပြီး လူနေမှုအဆင့်အတန်းများလည်း မြှင့်တင်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ထမ်းများက ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက MSME များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး တင်ပြချက်များအပေါ် ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ January 20, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၂ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ January 19, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁ ရက် ၊ ဇန်နဝါရီ ၁၈ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ January 18, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

Ministry of Information / Posted on January 19, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ( အပိုင်း ၂ ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းတစ်ဦးချင်း ဆန္ဒမဲရရှိမှုအခြေအနေ

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

Ministry of Information / Posted on January 19, 2026

တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာ

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ

Ministry of Information / Posted on January 18, 2026

မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုအတွက် ရင်ဆိုင်ဖြေရှင်းနေသော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့် တစ်သားတည်းရပ်တည်လျက်ရှိကြောင်း ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို) က သဘောထားထုတ်ပြန်ချက်ထုတ်ပြန်ကြေညာ

Video

Myanmar National Portal 5th Year Anniversary

Ministry of Transport and Communications / Posted on September 27, 2023