ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း SKD စနစ်ဖြင့် မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့်စက်ရုံအား ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း SKD စနစ်ဖြင့် မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့်စက်ရုံအား ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / March 03, 2026
နေပြည်တော် မတ် ၂
မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒကြီးကြပ် ရေးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်ရှိ Myanmar Motor Corporation Public Co., Ltd. မှ ISSUZU အမှတ်တံဆိပ် မော်တော်ယာဉ်များကို SKD စနစ်ဖြင့် ကိုယ်ထည်တပ်ဆင်ထုတ်လုပ်သည့်စက်ရုံအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် စက်ရုံမှ တာဝန်ရှိသူများနှင့် စက်ရုံအစည်းအဝေးခန်းမ၌တွေ့ဆုံပြီး မော်တော်ယာဉ်တပ်ဆင်ထုတ်လုပ်သည့် စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံတော်အကြီးအကဲက ပြည်တွင်းတွင် ထုတ်လုပ်နိုင်သည့် အစိတ်အပိုင်းများကို ပြည်တွင်း၌သာ ထုတ်လုပ်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် လမ်းညွှန်မှုပြုထားပါကြောင်း၊ ထို့ကြောင့် ကုမ္ပဏီအနေဖြင့် ပြည်တွင်း၌ မော်တော်ယာဉ်အစိတ်အပိုင်းများ ထုတ်လုပ်နိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ မော်တော်ယာဉ် ကိုယ်ထည်တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက ထုတ်လုပ်မည့်မော်တော်ယာဉ်များ၏ ဘောင်များတည်ဆောက်ပုံ၊ မောင်းနှင်အသုံးပြုချိန်တွင် ဖြစ်ပေါ်လာမည့် ကွေးညွတ်မှု၊ ဒဏ်အားသက်ရောက်မှု၊ ဒြပ်စွဲအားတည်နေရာပြောင်းလဲမှု အခြေအနေများကို သီအိုရီအရတွက်ချက်၍ မော်တော်ယာဉ်၏ တည်ငြိမ်မှုကိုရရှိနိုင်အောင် စီမံဆောင်ရွက်ရန်လိုကြောင်း။
ခရီးသည်ယာဉ်များ၏ ကိုယ်ထည်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဆိုပါက သုံးစွဲသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးကို အထူးအလေးထား၍ အသေးစိတ်တွက်ချက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူရင်းကုမ္ပဏီ၏ သတ်မှတ်ချက်များနှင့်အညီ တိကျစွာလိုက်နာဆောင်ရွက်ပြီး အရည်အသွေးပြည့်မီအောင် စစ်ဆေးကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်တွင်း၌ မော်တော်ယာဉ်များအား SKD/ CKD စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ခြင်းသည် နည်းပညာရရှိရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်၍ ရည်ရွယ်ချက်အောင်မြင်အောင် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်လုပ်သည့် ထုတ်ကုန်ပစ္စည်းများ၏ တန်ဖိုးမြင့်ထုတ်ကုန် ဖြစ်ပေါ်လာမှု အခြေအနေများကိုလည်း စိစစ်တွက်ချက်ထားရန်လိုကြောင်း၊ ထုတ်ကုန်ပစ္စည်းများနှင့်စပ်လျဉ်း၍ အရည်အသွေးပြည့်မီရေး၊ သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးတို့အတွက် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များကို မြှင့်တင်သွားရန်မှာကြားပြီး စက်ရုံအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 05, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။
Announcement
ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့်အစီအစဉ်ကို ပြည်သူသို့အသိပေးကြေညာခြင်း
Ministry of Finance and Revenue / Posted on March 05, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
Ministry of Information / Posted on March 04, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Ministry of Information / Posted on March 03, 2026
စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
