ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှု ကြည့်ရှုအားပေး


Ministry of Information/ Naypyitaw / March 13, 2026
image_latest


နေပြည်တော် မတ် ၁၂

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကျော်လင်းမောင်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မွန်ပြည်နယ် မော်လမြိုင်မြို့ပေါ်ရှိ ရွှေနတ်တောင်အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၂) အခြေခံပညာ အထက်တန်းကျောင်း၊ ချောင်းဆုံမြို့ အခြေခံပညာအထက်တန်းကျောင်း၊ ကျိုက်မရောမြို့ အခြေခံပညာအထက်တန်းကျောင်းတို့ရှိ စာစစ်ဌာနများ၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုအားပေးသည်။

မွန်ပြည်နယ်ရှိ စာစစ်ဌာန စုစုပေါင်း ၃၀ တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၁၀၉၃၄ ဦး စာရင်းပေးသွင်းကြပြီး ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ၁၀၅၃၈ ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မော်လမြိုင်တက္ကသိုလ်သို့ ရောက်ရှိပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်း များနှင့်တွေ့ဆုံ၍ မော်လမြိုင်တက္ကသိုလ်ရှိ သင်ကြားသင်ယူလျက်ရှိသော ဘာသာရပ်များ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အထောက်အကူပြုသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်သွားရန်၊ အရည်အသွေးအာမခံမှုစနစ် (QA)ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်သွား ရန်၊ ဆရာ ဆရာမများအနေဖြင့် AI ကို အကျိုးရှိစွာ အသုံးချနိုင်ရေး လေ့လာ ဆောင်ရွက်ရန်၊ Library-based learning, Project-based learning နှင့် Research-based learning တို့ကို အမှန်တကယ် ဖြစ်မြောက်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်၊ တက္ကသိုလ်သန့်ရှင်းသာယာလှပ ရေးအတွက် ဇုန်များခွဲ၍ ဇုန်အလိုက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြ ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဝန်ထမ်းများ၏ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ကျောင်းဝင်းအတွင်းရှိ စာသင်ဆောင်၊ ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ ဘာသာရပ်ဆိုင်ရာ ဌာနများနှင့် သုတေသနစင်တာကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ မော်လမြိုင်ပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ပါမောက္ခ၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံကာ ပညာရေးဒီဂရီကောလိပ်တချို့ကို ဆရာအတတ်ပညာတက္ကသိုလ်အဆင့် တိုးမြှင့်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့်အတွက် သင်တန်းသား သင်တန်းသူများအနေဖြင့် အဆင့်မြင့်ပညာရပ်များ ဆက်လက်သင်ယူနိုင်ရေး အခွင့်အလမ်းများ ရရှိနိုင်မည်ဖြစ်ရာ ပညာကို ယခု ကတည်းက ကြိုးပမ်းသင်ယူကြရန် လိုကြောင်း၊ သင်တန်းသား သင်တန်းသူများအနေဖြင့် ယဉ်ကျေးမှုနှင့်အညီ ဝတ်စားဆင်ယင်ကြပြီး ချမှတ်ထားသည့် စည်းကမ်းများကို စနစ်တကျလိုက်နာ ကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် မော်လမြိုင်ပညာရေးဒီဂရီကောလိပ်နှင့် ထားဝယ်ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား သင်တန်းသူများအတွက် ထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ March 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။


Publisher: မြန်မာ့အလင်း/ March 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Publisher: မြန်မာ့အလင်း/ March 11, 2026

Publication Date: 2026

Page: 32

Language: မြန်မာ

Download

Announcement

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

Naypyitaw Development Committee / Posted on March 12, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

Naypyitaw Development Committee / Posted on March 11, 2026

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Revenue Appellate Tribunal / Posted on March 11, 2026

အခွန်အယူခံခုံအဖွဲ့က (၁၈-၃-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း

Video