ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးလှမိုး ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်
Ministry of Cooperatives and Rural Development/ Naypyitaw / March 13, 2026
နေပြည်တော် မတ် ၁၃
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနအလိုက် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာတွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းဆွေးနွေးရန်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အစိုးရသစ်ကာလ၊ မိုးစပါးရာသီအဆင်ပြေစေရန်အတွက် လိုအပ်သည်များ ကြိုတင်ပြင်ထားရန် ရည်ရွယ်၍ အစည်းအဝေးခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အတွက် ဓာတ်မြေဩဇာ တန်ချိန် ၁.၆ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၂၀၀၀ တင်သွင်းနိုင်ရေး လျာထားသတ်မှတ်ချက်အရ ဦးဆောင်ကော်မတီအနေနဲ့ ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ မြေဩဇာတန်ချိန် ၁၆၈၁၄၅၃.၂၆ တန်နဲ့ ပိုးသတ်ဆေးတန်ချိန် ၃၂၆၇၆.၈၇ တန်ကို ကုမ္ပဏီအလိုက် သွင်းကုန်လိုင်စင်ရရှိနိုင်ရေး ထောက်ခံပေးခဲ့ပါကြောင်း၊ စီးပွား/ကူးသန်းဝန်ကြီးဌာန ကလည်း သွင်းကုန်လိုင်စင်ရရှိနိုင်ရေး တင်ပြလာမှုများအပေါ် စိစစ်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊
မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း၏ စိစစ်တင်ပြချက် အရ ၂၀၂၆ ဖေဖော်ဝါရီလ ၂ ရက်နေ့ထိ မြေဩဇာတန်ချိန် ၁,၁၁၈,၀၄၂.၆၀ တန် အမှန်တင်သွင်း ခဲ့ပြီး ၉၈၃၅၆၉.၇၇ တန် ဖြန့်ဖြူးရောင်းချ၍ ဂိုဒေါင်လက်ကျန်အနေနဲ့ တန်ချိန် ၂၈၅,၀၁၁.၉၀ တန်၊ လိုင်စင်ရပြီး ဆိပ်ကမ်းရောက်ရှိ တန်ချိန် ၂၂,၅၇၂.၂၂ တန်ရှိသဖြင့် စုစုပေါင်းတန်ချိန် ၃ သိန်းကျော် ရှိပါကြောင်း၊ လာမည့်မိုးစပါး စိုက်ရာသီအတွက် လုံလောက်ရန် ထပ်မံလိုအပ်သော တန်ချိန်နှင့် လ အလိုက် မြေဩဇာလိုအပ်ချက်ကို စိုက်ပျိုးရေးဦးစီးဌာနက ဆွေးနွေးတင်ပြစေလိုကြောင်း၊ အသင်း အနေဖြင့် အချိန်မီရောက်ရှိရေး အစီအမံတင်ပြရန်နှင့် စီးပွားကူးသန်းဝန်ကြီးဌာနမှလည်း သတ်မှတ် ချိန် လိုင်စင်ရရှိရေး ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း၊
ပြီးခဲ့သည့် ဩဂုတ်လနှင့် စက်တင်ဘာလတို့တွင် သီးနှံပေါ်ပေးစနစ်ဖြင့် ဓာတ်မြေဩဇာများ တိုက်ရိုက်ရောင်းချပေးခဲ့၍ ကျသင့်တန်ဖိုးငွေများကို သက်ဆိုင်ရာပြည်နယ် တိုင်းဒေသကြီးအလိုက် ပြန်လည်ပေးသွင်းလျက်ရှိပြီး အပြေအကြေပေးသွင်းနိုင်ရေး သက်ဆိုင်ရာတာဝန်ရှိသူများက စဉ်ဆက်မပြတ် ကြီးကြပ်ကွပ်ကဲပေးရန် လိုအပ်ကြောင်း၊ ကွင်းဆင်းစစ်ဆေး စိစစ်တွေ့ရှိချက်များ အရ ပြင်ပပေါက်ဈေးထက် သက်သက်သာသာသုံးစွဲနိုင်ခြင်း၊ သီးနှံအထွက်နှုန်းမှာလည်း ယခင်နှစ် အထွက်နှုန်းထက် တိုးတက်လာခြင်း၊ သီးနှံအရည်အသွေးကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူး များ ရရှိလာကြပြီး တောင်သူများအတွက် အထောက်အကူပြု အစီစဉ်ကောင်းတစ်ခုဖြစ်၍ ဝိုင်းဝန်း ဆောင်ရွက်ပေးကြသူများကို အထူးကျေးဇူးတင်ရှိပါကြောင်း၊
ရည်ညွှန်းဈေးနှုန်းထုတ်ပြန်မှုအနေနှင့် မတ်လအတွက် ယူရီးယားတစ်အိတ်လျှင် ၉၄,၀၀၀ ကျပ်နှုန်း၊ ၁၅ ပတ်လည် ကွန်ပေါင်းမြေဩဇာတစ်အိတ်လျှင် ၁၁၅,၀၀၀ ကျပ်နှုန်း ရောင်းချပေးလျက် ရှိပါကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်း ပြဿနာများအရ ဓာတ်မြေဩဇာ ဈေးနှုန်း များ မြင့်တက်လာနိုင်သည့်အတွက် အတတ်နိုင်ဆုံး ဈေးနှုန်းတည်ငြိမ်အောင် ထိန်းသိမ်း ဆောင်ရွက် ပေးကြရန်နှင့် ခွင့်ပြုပေးထားသည့် လိုင်စင်လက်ကျန်များ အမြန်တင်သွင်းကြရန် လိုအပ်ကြောင်း၊ ကော်မတီဝင်ဌာနများက ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းကို အခြေခံပြီး ဒေသအလိုက် သယ်ယူ ပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှု ရှိ/ မရှိ၊ သွင်းအားစုများ သိုလှောင်ဈေးကစားခြင်းများ ရှိ/ မရှိတို့ကို စစ်ဆေးဆောင်ရွက်ပေးရန် မှာကြားလိုပါကြောင်း၊
မြေဩဇာအသင်းကလည်း ကုမ္ပဏီများက ရရှိပြီးလိုင်စင်များ ကိုင်ထားခြင်းမျိုး မပြုလုပ်ကြ ရန်နှင့်အမှန်တင်သွင်းဖြန့်ဖြူးရန်၊ လိုအပ်မှသာလျှောက်ထားကြရန် ကြီးကြပ်ပေးရမည်ဖြစ်ကြောင်း၊ ဦးဆောင်ကော်မတီ၏ ရည်ရွယ်ချက်အတိုင်း ဓာတ်မြေဩဇာများ အချိန်မီရရှိရေး၊ ဈေးနှုန်းသက်သာ စေရေး၊ အရည်အသွေးမှန်ကန်စေရေးတို့အတွက် ဆိုင်ရာဌာနများက ပူးပေါင်းပါဝင် ဆောင်ရွက်ပေး ကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လ (၃) လအတွက် ကုမ္ပဏီအလိုက် ထောက်ခံပေးထားသည့် တန်ချိန်များ မှတ်တမ်းတင်ပေးနိုင်ရန်နှင့် လုပ်ငန်းဆောင်ရွက်မှုများကိုလည်းကောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက မြေဩဇာနှင့် ပိုးသတ်ဆေး များ ဝယ်ယူဖြန့်ဖြူးရောင်းချမှုအခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့ စီးပွားရေးဘဏ်တို့မှ ကိုယ်စားလှယ်များ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌတို့က ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ March 13, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၀ ရက် ၊ မတ် ၁၂ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ March 12, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
Announcement
အများပြည်သူသို့ အသိပေးကြေညာခြင်း
Naypyitaw Council / Posted on March 13, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
Naypyitaw Development Committee / Posted on March 12, 2026
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက်နိုင်ကြောင်းကြော်ငြာခြင်း
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
Naypyitaw Development Committee / Posted on March 11, 2026
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ အများသိစေရန် ကြေညာခြင်း
