ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး နေပြည်တော် - တောင်ငူ ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေးနှင့် တောင်ငူမြို့ရှောင် ရထားလမ်းဖောက်လုပ်နေမှု ကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / April 12, 2026
image_latest


နေပြည်တော် ဧပြီ ၁၁

ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ဒုတိယဝန်ကြီး ဦးအောင်မြိုင်၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့မီးရထားမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့်အတူ ယနေ့တွင် တောင်ငူ-နေပြည်တော် ရထားလမ်းပိုင်း မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှု၊ အဆိုပါရထား လမ်းပိုင်းတွင် ဘူတာအသစ်များ ပြန်လည်တည်ဆောက်နေမှု၊ ရထားလမ်းပိုင်းရှိ တံတားများအခြေအနေ၊ တောင်ငူမြို့ရှောင်ရထားလမ်း တာပေါင်မြေကြီးလုပ်ငန်းနှင့် တံတားလုပ်ငန်းနှင့် တောင်ငူဘူတာသစ်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူ - နေပြည်တော် ရထားလမ်းပိုင်း၌ မိုင်နှုန်းမြှင့်တင်ပြေးဆွဲနိုင်ရေး ပြုပြင်ဆောင်ရွက်နေမှုလုပ်ငန်းအခြေအနေများကို RBE ရထားဖြင့် လိုက်ပါစီးနင်းစစ်ဆေးပြီး လမ်းပိုင်းအတွင်း အသစ်ပြန်လည်တည်ဆောက်နေသည့်ဘူတာများ သတ်မှတ်ကာလအတွင်း လုပ်ငန်းများအမြန်ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း တည်ဆောက်ရေးအလေးထားဆောင်ရွက်ရန်၊ ရထားလမ်းဘေး ဝဲ/ယာ သတ်မှတ်အကွာအဝေးများတွင် ရေနုတ်မြောင်းများ စနစ်တကျတူးဖော်သွားရန်၊ တောင်ငူ-နေပြည်တော် ကြား အမြန်နှုန်း ၇၅ ကီလိုမီတာနှုန်း အပြည့်အဝ မောင်းနှင်နိုင်ရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ငူဘူတာသို့ ရောက်ရှိပြီး အစည်းအဝေးခန်းမ၌ တောင်ငူခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ တောင်ငူမြို့ရှောင်ရထားလမ်း ဆောင်ရွက်နေမှုအခြေအနေကို စီမံကိန်းအင်ဂျင်နီယာက ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးကသတ်မှတ် ကာလအမီပြီးစီးရေး၊ သတ်မှတ်ဒီဇိုင်း၊ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီပြီးစီးရေး ဆောင်ရွက်ရန် မှာကြားသည်။

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ငူမြို့ရှောင်ရထားလမ်း တာပေါင်မြေကြီးလုပ်ငန်းနှင့် တံတားလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာပေါင်မြေကြီး လုပ်ငန်းဆောင်ရွက်ရာတွင် အပေါ်ယံမြေလွှာကို ကုန်စင်အောင်ဖယ်ရှား၍ Selected Borrow Soil ကို သိပ်သည်းမှုရရှိအောင် အလွှာလိုက်ဖိကြိတ်၍ Compaction ကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ရထားလမ်းဘေး ရေနုတ်မြောင်းများတစ်ပါတည်း တူးဖော်နိုင်ရေးဆောင်ရွက်ရန်နှင့် ဘူတာရုံအား သတ်မှတ်ဒီဇိုင်း၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ပြီးစီးရေး၊ ရထားလမ်းအား သတ်မှတ်ထားသည့် ကာလအတွင်း အချိန်မီပြီးစီးရေးတို့ကို အလေးထားဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video