ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်ဆန်း(၁) ရက်နေ့ အန္တရာယ်ကင်းပရိတ်တရားနာနှင့် ဇီဝိတဒါန ငါးလွှတ်ပွဲသို့ တက်ရောက်


Ministry of Cooperatives and Rural Development/ Naypyitaw / April 17, 2026
image_latest


နေပြည်တော် ဧပြီ ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများ၏ မြန်မာသက္ကရာဇ် (၁၃၈၅) ခုနှစ်၊ မြန်မာနှစ်ဆန်း (၁) ရက်နေ့၊ အန္တရာယ်ကင်းပရိတ်တရားနာ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းက အဆိုပါ ဝန်ကြီးဌာနရှိ စုပေါင်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ သီရိဂန္ဓမာ သပြေအေး မိုးကုတ်ဝိပဿနာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တ အရှင်ဂန္ဓမာလာ အမှူးပြုသော ဆရာတော်အရှင်သူမြတ်များ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်းနှင့် ဇနီး ဒေါ်ရွှေဝါတင်အုံး၊ ဒုတိယဝန်ကြီး ဦသိုက်စိုးနှင့် ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ပရိတ်တရားတော်နာ အခမ်းအနားကို ဖွင့်လှစ်ပြီး ဆရာတော် ဘဒ္ဒန္တအရှင်ဂန္ဓမာလာ အမှူးပြုသော သံဃာတော် အရှင်သူမြတ်တို့အား ဩကာသကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ကာ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်တကွ ဧည့်ပရိတ်သတ် အပေါင်းတို့က သံဃာတော် အရှင်သူမြတ်တို့ ရွတ်ပွားသရဈ္ဇယ်တော်မူသော ပရိတ်တရားတော်များကို နာယူကြပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြား ရေးမှူးချုပ်များက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံ ဆွမ်းဆန်တော်၊ ဆွမ်းဆီတော်၊ သင်္ကန်းနှင့်တကွ ဒါတဗ္ဗဝတ္ထုအစုစုတို့အား ဆပ်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တအရှင် ဂန္ဓမာလာထံမှ အနုမောဒနာတရား နာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပါသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်း ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးဌာန ရုံးဝင်းအတွင်းရှိ လျှိုပိတ်ဆည်ထဲသို့ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနားတက်ရောက်ရာ ပြည်ထောင်စုဝန်ကြီးနှင့် ဇနီး၊ ဒုတိယဝန်ကြီးနှင့်ဇနီး၊ တာဝန်ရှိသူ များက ဝန်ထမ်းများနှင့်အတူ ဇီဝိတဒါနအဖြစ် ငါးကောင်ရေ(၆၃၀၀) လွှတ်ပေးခဲ့ကြောင်း သတင်း ရရှိပါသည်။

Newspaper

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Publisher: မြန်မာ့အလင်း/ April 14, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ April 13, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Publisher: မြန်မာ့အလင်း/ April 12, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Ministry of Information / Posted on April 10, 2026

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း

Video