ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားတက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အခမ်းအနားတက်ရောက်
Ministry of Information/ Naypyitaw / May 02, 2026
ရန်ကုန် မေ ၁
အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်ခန်းမတွင် ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးနှင့် အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ချုပ် (CTUM) မှ အလုပ်သမားကိုယ်စားလှယ်များ၊ စက်ရုံ၊ အလုပ်ရုံများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးမင်းအောင်လှိုင်ထံမှ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဖတ်ကြားသည်။
ယင်းနောက် အလုပ်သမားဝန်ကြီးဌာန၏ အလုပ်သမားရေးရာလုပ်ငန်း ဆောင်ရွက်မှုများကို Video Clip ဖြင့် ပြသပြီး အလုပ်သမားကိုယ်စားလှယ်တစ်ဦးနှင့် အလုပ်ရှင်ကိုယ်စားလှယ်တစ်ဦးတို့က အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့နှင့်စပ်လျဉ်း၍ ဂုဏ်ပြုဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုခင်းကျင်းပြသထားသည့် အလုပ်သမားရေးရာ လုပ်ငန်းဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း (ရန်ကင်း)သို့ သွားရောက်၍ သင်တန်းကျောင်းအစည်းအဝေးခန်းမတွင် အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အလုပ်သမားဆေးရုံကြီး (ထန်းတပင်) သို့ သုခစုစံကုမ္ပဏီလီမိတက်မှ လှူဒါန်းသော အလှူငွေကျပ်သိန်း ၁၀၀ ကို လက်ခံကာ ဂုဏ်ပြုကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် သင်တန်းကျောင်းရှိ အရာထမ်း၊ အမှုထမ်းများနှင့်တွေ့ဆုံ၍ သင်တန်းများဖွင့်လှစ်ပို့ချရာတွင် လုပ်သားဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော သင်တန်းများဖြစ်စေရေး၊ သင်တန်းသားများ အမှန်တကယ်ကျွမ်းကျင်မှုရှိစေရန်၊ ထိရောက်ပြီး လက်တွေ့ကျသည့် သင်တန်းများနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေမည့် သင်တန်းများဖြစ်စေရေး၊ သင်တန်းသားများကို သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမှ ကာကွယ်ထိန်းသိမ်းနိုင်သည့် Green Skills, Green Jobs သဘောတရားများ သိရှိနားလည်စေရေး၊ နည်းပညာကျွမ်းကျင်မှုများမှသည် စိမ်းလန်းသော စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရေးတို့အတွက် ကျွမ်းကျင်မှုသင်တန်းများ၊ စစ်ဆေးအကဲဖြတ်ခြင်း အစီအစဉ်များကို စီမံချက်များ စနစ်တကျရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မဟာဗန္ဓုလပန်းခြံလမ်းရှိ ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ၊ တာဝန်ခံဆရာဝန်များနှင့်တွေ့ဆုံ၍ အာမခံအလုပ်သမားများအတွက် ယခုထက်ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်စေရေးနှင့် တစ်မျိုးသားလုံး အကျုံးဝင်လွှမ်းခြုံသည့် စီမံကိန်းဖြစ်စေရန်တို့အတွက် လူမှုဖူလုံရေးအဖွဲ့မှ ဝန်ဆောင်မှုပေးနေသည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ငွေကြေးအကျိုးခံစားခွင့်များကို လျင်လျင်မြန်မြန် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားပြီး အဆိုပါနေရာတွင် ဖွင့်လှစ်ထားသည့် လူမှုဖူလုံရေး-ကဲဝဲလ်ဆေးခန်းသို့ သွားရောက်၍ ဆေးကုသဝန်ဆောင်မှုဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
Newspaper
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။
Publisher: မြန်မာ့အလင်း/ May 02, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။
Publisher: မြန်မာ့အလင်း/ May 01, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။
Publisher: မြန်မာ့အလင်း/ April 30, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Ministry of Information / Posted on May 01, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊...
Myanmar National Human Rights Commission Statement No. (5/2026)
Myanmar National Human Rights Commission / Posted on April 30, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Myanmar National Human Rights Commission / Posted on April 30, 2026
