ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်း တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဇေယျာသီရိမြို့နယ်ရှိ သတင်းစာတိုက်ဝန်ထမ်းများနှင့် တွေ့ဆုံ၊ လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

Ministry of Information/ Naypyitaw / May 08, 2026
image_latest

နေပြည်တော် မေ ၇

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့ရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အရာထမ်း၊ အမှုထမ်းများနှင့် ဇေယျာသီရိမြို့နယ် ခရေပင်လမ်းခွဲရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း သတင်းစာတိုက်များမှ အရာထမ်း၊ အမှုထမ်းများအား သီးခြားစီတွေ့ဆုံပြီး လုပ်ငန်းပိုင်းဆိုင်ရာများ မှာကြားသည်။

ထိုသို့ တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့် ဆောင်ရွက်ချက်များအား ပြည်သူလူထုက ထဲထဲဝင်ဝင်သိရှိ နားလည်စေရန်နှင့် အသိပညာဗဟုသုတများရရှိစေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် အဓိကကျသော အခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် နိုင်ငံဖြစ်သည့်အားလျော်စွာ ကျေးလက်နေပြည်သူများအတွက် အကျိုးရှိစေမည့် သတင်းအချက် အလက်များကို ဦးစားပေးထုတ်လွှင့်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် ဒေသတစ်ခု ထုတ်ကုန်တစ်ခု (One Region ၊ One Product) မူဝါဒဖြင့် အကောင်အထည်ဖော်နေသည့် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်း (MSME)များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မီဒီယာကဏ္ဍမှ ပံ့ပိုးကူညီပေးရန်နှင့် ပြည်တွင်းခရီးသွားလုပ်ငန်းများ ပိုမိုအားကောင်းလာစေရန် ဆွဲဆောင်မှုရှိသောအစီအစဉ်များ ဖန်တီးတင်ဆက်သွားရန် လိုအပ်ကြောင်း။

ဝန်ထမ်းများအားလုံးသည် မိမိတို့၏ အတတ်ပညာနှင့်အနုပညာကိုပေါင်းစပ်ကာ နိုင်ငံတော်၏ မူဝါဒများကို ပြည်သူများထံ ထင်သာမြင်သာရှိအောင် ထိရောက်စွာ ပြန်ကြားပေးကြရန်လိုအပ်ကြောင်း၊ ပညာရေးနှင့်ကျန်းမာရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို Program များတွင် ထည့်သွင်းရန် လိုအပ်ကြောင်းနှင့် သတင်းထုတ်ပြန်ရေးဆိုင်ရာ မူဝါဒများကို လိုက်နာဆောင်ရွက်ရန် ရှင်းလင်းပြောကြားသည်။

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားတွင် ဂြိုဟ်တုစလောင်းများ တပ်ဆင်အသုံးပြုနေမှုနှင့် water cooling Aircon System တပ်ဆင်ထားရှိမှုတို့ကိုလည်းကောင်း၊ ဝန်ထမ်းများ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းများဆောင်ရွက်နိုင်ရေးနှင့် အပန်းဖြေနိုင်ရေး ဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် နေပြည်တော်အသံလွှင့်ရုံ အမှတ်(၁)ရှိ မေယု FM ရေဒီယိုနှင့် အမှတ်(၂)ရှိ သပြေရေဒီယိုအစီအစဉ်များ ထုတ်လွှင့်နေမှုနှင့်ရေဒီယိုထုတ်လွှင့်ရေး စက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်သည်။

ဆက်လက်၍ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ ကလေးစာဖတ်ခန်း၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျောင်းသူများ လာရောက်စာပေဖတ်ရှုနေမှု၊ စာကြည့်တိုက်အတွင်းစာအုပ်များ စနစ်တကျထားရှိမှု အခြေအနေတို့ကို လှည့်လည်ကြည့်ရှုပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်ကာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပနေမှုကို ကြည့်ရှုအားပေးရာ စာရေးဆရာများက အမှတ်တရလက်ဆောင်အဖြစ် ၎င်းတို့ရေးသား ထုတ်ဝေထားသည့် စာအုပ်များကို ပြည်ထောင်စုဝန်ကြီးထံ ပေးအပ်ကြသည်။

သတင်းစဉ်

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။

Publisher: မြန်မာ့အလင်း/ May 08, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။

Publisher: မြန်မာ့အလင်း/ May 07, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။

Publisher: မြန်မာ့အလင်း/ May 06, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Revenue Appellate Tribunal / Posted on May 07, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ ( မကွေးတိုင်းဒေသကြီးစာစစ်ဌာန)

Union Civil Service Board / Posted on May 07, 2026

ကြော်ငြာစာအမှတ် ၁/၂၀၂၆ ၊ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄)ခုမှ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်လစ်လပ်ရာထူး(၆၅၃)နေရာအတွက် လျှောက်လွှာပိတ်ရက်နေ့တွင် အသက်ကျော်လွန်နေသဖြင့် ဖြေဆိုခွင့်မရရှိသူစာရင်း၊ လျှောက်လွှာတွင် မပြည့်စုံသဖြင့် ခုံအမှတ်မထွက်သူစာရင်း၊ ကြော်ငြာပါ ပညာအရည်အချင်းသတ်မှတ်ချက် မညီညွတ်သဖြင့် ဖြေဆိုခွင်မရသူစာရင်း၊ (နေပြည်တော်စာစစ်ဌာန)

Video