ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ဝန်ထမ်းများနှင့် တွေ့ဆုံ


Ministry of Hotel & Tourism/ နေပြည်တော် / May 11, 2026


နေပြည်တော် မေ ၈

ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် သည် ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) စွယ်တော် ဆောင် အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ရိုးရာယဉ်ကျေးမှုအနုပညာရပ်များ မပျောက်ပျက်အောင် ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ရာတွင် အစိုးရ၊ ပုဂ္ဂလိက၊ media ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ကမ္ဘာကသိရှိအောင် ဝိုင်းဝန်းကြိုးစားဖော်ထုတ်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ပါမောက္ခချုပ်က တက္ကသိုလ်ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး တက္ကသိုလ်၏ မှတ်တမ်းရုပ်ရှင်ဗီဒီယိုကို ကြည့်ရှု အားပေးကြသည်။

ယင်းနောက် သရဖီဆောင် အနုပညာခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ အနုသုခုမပညာရပ်များကို ထိန်းသိမ်းပြီး မျိုးဆက်သစ်များကို လက်ဆင့်ကမ်း ဖြန့်ဝေသင်ကြားပေးနိုင်ရေးမှာကြားခဲ့ ကြောင်း သိရသည်။

သတင်းစဉ်

Source From:KyeMon

Newspaper

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Publisher: မြန်မာ့အလင်း/ May 11, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 10, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 09, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

သတင်းထုတ်ပြန်ချက်

Ministry of Information / Posted on May 11, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Revenue Appellate Tribunal / Posted on May 07, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင် (၁၄-၅-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Video