ပြည်ထောင်စုဝန်ကြီးဦးဆန်းဦး မြန်မာနိုင်ငံသစ်တောကျောင်းမှ သင်တန်းသားများအားတွေ့ဆုံ


Ministry of Natural Resources & Environmental Conservation/ နေပြည်တော် / May 17, 2026


သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် မေလ ၁၆ ရက်နေ့ မွန်းလွှဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ မြန်မာနိုင်ငံသစ်တောကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ကြီးမှ မြန်မာနိုင်ငံသစ်တောကျောင်း သမိုင်းနှင့် လက်ရှိသင်တန်းများ ဖွင့်လှစ်ထားမှုအခြေအနေအားတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ မြန်မာနိုင်ငံသစ်တောကျောင်းရှိ ကျွန်းရတနာခန်းမတွင် အခြေခံသစ်တောပညာသင်တန်းတက်ရောက်နေသော သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက သင်တန်းသားများအား သစ်တောကျောင်း ဆောင်ပုဒ်နှင့်အညီ စိတ်ဓါတ်၊ စည်းကမ်း၊ ဝီရိယ၊ ပညာ၊ ဇွဲတို့ဖြင့် ကြိုးစားလိုက်နာ ဆောင်ရွက်သွားရန်၊ သင်တန်းနည်းပြများ သင်ကြားပြသမှုအပေါ် ဂရုတစိုက်လေ့လာ မှတ်သားနာယူသွားကြရန်၊ ကျောင်းစည်းကမ်းများကို လိုက်နာ၍ မိမိတို့ ရည်မှန်းချက်တာဝန်များကို အောင်မြင်အောင် ဆောင်ရွက်သွားကြရန်၊ တာဝန်များ ထမ်းဆောင်ရာတွင် ရိုးသား၊ ကြိုးစားပြီး မိမိလုပ်ငန်းအပေါ် အလေးထားဆောင်ရွက်သည့် အလေ့အကျင့်များရရှိရေး ဆောင်ရွက်သွားကြရန်နှင့် သစ်တောသစ်ပင်များသည် သက်ရှိသတ္တဝါအားလုံး အသက်ရှင်ရပ်တည်ရန် အဓိကအထောက်အကူပေးလျက်ရှိခြင်း၊ လူသားများအတွက် ထာဝစဉ်သန့်ရှင်းပြီး ကောင်းမွန်မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်ခြင်းများအတွက် သစ်တောသစ်ပင်များကို ဂရုတစိုက် ကာကွယ်ထိန်းသိမ်းတတ်စေရေး စနစ်တကျ လေ့လာသင်ကြားရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံသစ်တောကျောင်းဝင်းအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်မည့် နှစ်ထပ်သင်တန်းသား အိပ်ဆောင်(၁)လုံး၊ နှစ်ထပ် စာသင်ဆောင်(၁)လုံးနှင့် စုဝေးခန်းမ(၁)လုံးတို့၏ မြေလျာထားမှုအခြေအနေများ သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။

Newspaper

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၂ ရက် ၊ မေ ၁၇ ရက်၊ တနင်္ဂနွေနေ့။


Publisher: မြန်မာ့အလင်း/ May 17, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁ ရက် ၊ မေ ၁၆ ရက်၊ စနေနေ့။


Publisher: မြန်မာ့အလင်း/ May 16, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

၁၃၈၈ ခုနှစ်၊ ကဆုန်လကွယ်နေ့ ၊ မေ ၁၅ ရက်၊ သောကြာနေ့။


Publisher: မြန်မာ့အလင်း/ May 15, 2026

Publication Date: 2026

Page: 32 Pages

Language: မြန်မာ

Download

Announcement

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT) အစီအစဉ် အသိပေး နှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

ကိုယ်ဝန်ဆောင်မိခင်များ နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်း(MCCT)အစီအစဉ် အသိပေးနှိုးဆော်ခြင်း

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

Ministry of Information / Posted on May 14, 2026

လူမှုရေးပင်စင် ထောက်ပံ့ခြင်း အစီအစဉ် အသိပေးနှိုးဆော်ခြင်း

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ်တာဝန် ပေးအပ်ခြင်း

Ministry of Information / Posted on May 14, 2026

အမြဲတမ်း အတွင်းဝန်/ညွှန်ကြားရေးမှူးချုပ် အဖြစ် တာဝန်ပေးအပ်ခြင်း

Video