ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်
ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအစည်းအဝေးသို့ တက်ရောက်
Ministry of Cooperatives and Rural Development/ Naypyitaw / June 09, 2026
နေပြည်တော် ဇွန် ၈
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ကော်မတီဝင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် များနှင့် ဝန်ကြီးဌာနအလိုက် ကော်မတီအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
ရှေးဦးစွာ ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကား ပြောကြား ရာတွင် ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီအတွက် ပြည်နယ်နှင့်တိုင်းများမှ လိုအပ်သော ဓာတ် မြေဩဇာများ အချိန်မီဖြန့်ဖြူးပေးနိုင်ရေး အစည်းအဝေးခေါ်ယူခြင်း ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များ အသင်းက လိုအပ်သည့်တန်ချိန်ကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အမြန်ဆုံးပေးပို့ရန်နှင့် နိုင်ငံတကာဈေးနှုန်းကျလျှင် ကျဈေး သတ်မှတ်နိုင်ရေး ဝိုင်းဝန်းတွက်ချက်တင်ပြပေးစေလိုကြောင်း၊ ဓာတ်မြေဩဇာ ဝယ်ယူ တင်သွင်းဖြန့်ဖြူးရောင်းချနေသည့် ကုမ္ပဏီအလိုက် ဖြန့်ဖြူးမှုကိုစနစ်တကျ မှတ်တမ်းတင်ပြရန် လိုအပ်ကြောင်း၊
ဓာတ်မြေဩဇာများ၏ အရည်အသွေးနှင့် အလေးချိန် မှန်ကန်ရေး၊ သတ်မှတ်ရောင်းဈေးထက် ပိုမိုရောင်းချမှု မရှိစေရေးတို့အတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ဓာတ်မြေဩဇာများ သိုလှောင်ပြီး ဈေးကစားခြင်းများ မရှိစေရေးအတွက် ကွင်းဆင်း စစ်ဆေး ကြတ်မတ်ဆောင်ရွက်ရမည်ဖြစ်ပြီး ကော်မတီ၏ ရည်ရွယ်ချက်အတိုင်း အချိန်မီရရှိရေး၊ အရည်အသွေးပြည့်ဝစေရေး၊ မှန်ကန်တဲ့ ဈေးနှုန်းနဲ့ တောင်သူများ လက်ဝယ်အရောက် တိုက်ရိုက် ဝယ်ယူ အသုံးပြုနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာန အားလုံးက ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူတစ်ဦးက ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချမှု အခြေအနေများနှင့် ရန်ကုန် အထိုင်ဈေးနှုန်း ထုတ်ပြန်မှုများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဦးဆောင်ကော်မတီဝင် ဒုတိယဝန်ကြီးများ၊ ဦးစီးဌာနများမှ ကိုယ်စားလှယ်များ နှင့် တာဝန်ရှိသူများက ဝိုင်းဝန်းဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
Newspaper
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။
Publisher: မြန်မာ့အလင်း/ June 09, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
Download
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။
Publisher: မြန်မာ့အလင်း/ June 08, 2026
Publication Date: 2026
Page: 32 Pages
Language: မြန်မာ
DownloadAnnouncement
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
Ministry of Information / Posted on June 08, 2026
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Ministry of Ethnic Affairs / Posted on June 08, 2026
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Ministry of Information / Posted on June 04, 2026
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း

